ရန်ကုန်၊ ဖေဖော်ဝါရီ
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် မြင်တော်သာလမ်းမပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တစ်စီးပေါ်သို့ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်လက်ပစ်ဗုံးဖြင့် ပစ်ခတ်ပြီး သေနတ်များဖြင့် ပစ်ခတ်ကြောင်း တပ်သတင်းရင်းမြစ်က ပြောသည်။
” ကင်းလှည့်နေတဲ့ စစ်ကားကို လက်ပစ်ဗုံးနဲ့ ပစ်တယ်။ သေနတ်နဲ့ ၀ိုင်းပစ်တယ်။ ရဲနဲ့ စစ်သား ၄ ဦးထိတယ်။ ၂ ဦးကတော့ စိုးရိမ်ရတဲ့ဒဏ်ရာ အပြင်း အထန်ရတယ်။ သေဆုံးဖို့များတယ်ပြောတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။
လက်ရှိအချိန်တွင် ပစ်ခတ်သွားသူများကို ဖမ်းမိခြင်းမရှိဘဲ သာကေတမြို့နယ်အပါအဝင် မြို့နယ်အများအပြားကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးရှာဖွေနေကြောင်း သိရှိရသည်။
ဓာတ်ပုံ-အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်သည်)
Photo- Agencies