29 C
Yangon

မိုးဗြဲအနီး စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်၊ စစ်ကား ၃ စီး ပျက်စီး (ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၉

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့အနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များကြား ၃ ရက်ဆက်တိုက်အဖြစ် ယနေ့ ဖေဖေါ်ဝါရီလ ၁၉ ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဝှါရီဆူးပလိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီယာဉ်တန်းမှ စစ်ကား ၃ စီး မီးလောင်ပျက်စီးသွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့တွင် မိုးဗြဲမြို့ တောင်ဘက်ရှိ ဝှာရီဆူးပလိုင်ကျေးရွာအနီးနှင့် မိုးဗြဲမြို့အရှေ့ဘက်ရှိ လင်ဖုံလေးလမ်းခွဲနှင့် ကုန်းသာကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကရင်နီတိုက်ပွဲများတွင် လက်နက်ကြီးများ၊ သံချပ်ကာအမြှောက်ကားများဖြင့် တရစပ်ပစ်ခတ်နေသလို ယနေ့ ညနေ ၄ နာရီခန့်တွင်လည်း လေကြောင်းမှ တဆင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article