28 C
Yangon

ရန်ကုန်တွင် “ခွင့်တူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ” ​ကြွေး​ကြော်သံဖြင့် စစ်အာဏာရှင် ​တော်လှန်​ရေး ချီတက်

Must read

ရန်ကုန်၊ ​ဖေ​ဖော်ဝါရီ ၂၀

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းတည့်ချိန်၌ ရန်ကုန်ပေါ် တစ်နေရာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားသည့်ကြားမှ “ခွင့်တူညီမျှတဲ့လောက လူထုအား နဲ့တိုက်ယူကြ” ဟူသော စာသားဖြင့် ရန်ကုန်လူထုသပိတ်က ဦးဆောင်ကာလူတန်းစားပေါင်းစုံကိုယ်စားပြုသည့် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ပြောက် ကျားသပိတ်တစ်ခု ပြုလုပ်သည် ။ “ကျနော်တို့ဟာ ဒီမိုကရေစီရရှိရေးတိုက်ပွဲမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ၊ အဖိနှိပ်ခံလူမျိုးစုပေါင်းစုံအတွက် ပြည်သူလူထု တစ်ရပ်လုံးက လက်တွဲပီးတော့ တိုက်ပွဲဝင်နေတာဖြစ်တယ်။ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီအခွင့် အရေးတွေဟာ လူတန်းစားအလွှာပေါင်းစုံအတွက်ဖြစ်ပြီး အားလုံးစုပေါင်းပါဝင်တိုက်ခိုက်ရမှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တန်းတူညီမျှတဲ့အခွင့် အရေးတွေအတွက် လူတန်းစားအလွှာပေါင်းစုံကနေပြီး တပ်ဦးအလံကိုအမြင့်မားဆုံးလွှင့်ထူပြီး တိုက်ပွဲဝင်ကြရမှာဖြစ်တယ်။”ဟု သပိတ်​လူငယ်တစ်ဦးက ​ပြောဆိုသည်။
Photo – Yangon Drone & CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article