31 C
Yangon

ခင်ဦး သရက်ကွန်ရွာ အနီးတိုက်ပွဲတွင် လက်နက်ကြီးကျည်ထိမှန်ကာ PDF ရဲဘော် ၅ဦး ကျဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ကန်ရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၆နာရီ ၃ဝမိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ PDF ရဲဘော် ၅ဦး ကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ ကျဆုံးခဲ့သော PDF ရဲဘော်များသည် စစ်ကောင်စီကို တွန်းလှန် တိုက်ခိုက်ရန် ကျေးရွာ အလိုက်ဖွဲ့စည်းထားသော ဒေသ အဖွဲ့အစည်းငယ်များမှ ရဲဘော်များဖြစ်ပြီး ယနေ့ တိုက်ပွဲတွင် ဦးဆောင်သူ ၁ဦး အပါအဝင် ၅ဦးကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့သော သရက်ကန်နှင့် စည်ပုတ္တရာကျေးရွာသည် ကန့်ဘလူနယ်အစပ်တွင်ရှိပြီး ကန့်ဘလူဘက်မှ ပျူစောထီးအဖွဲ့များနှင့် ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်များ၏ ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခြင်းခံခဲ့ရပြီး PDF ရဲဘော် ၅ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖေဖေါ်ဝါရီ ၁၇ရက်နေ့ကလည်း ခင်ဦးမြို့နယ် ကံကြီးကုန်းနှင့် မြို့သစ်ရွာ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အင်အား မမျှခြင်းကြောင့် PDF ရဲဘော် (၁၄)ဦး ကျဆုံးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article