27 C
Yangon

ရေဦး ပုဏ္ဏကားရွာရှိ ပြည်သူပိုင် ဆန်အိတ် ၈ထောင်နှင့် သိန်း ၂ထောင် ကျော်တန် ပစ္စည်းများကို စစ်တပ်က လုယက် ယူဆောင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ် ပုဏ္ဏကားရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ဆန်အိတ် ၈ထောင်နှင့် သိန်း ၂ထောင်ကျော်တန် ပစ္စည်းများကို စစ်တပ်က လုယက် ယူဆောင်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် လက်ရှိချိန်ထိ ပုဏ္ဏကားရွာ ဆန်းသီရိအောင် ဆန်စက်တွင် တပ်စွဲထားကာ ဆန်စက်အတွင်းရှိ ဆန် အိတ် ၈ထောင်နှင့် ပြည်သူပိုင် နေအိမ်များက ခိုးယူလုယက်ထားသော သိန်း ၂ထောင်ကျော်တန် ပစ္စည်းများ၊ ကုန်စုံဆိုင်များက ဆီပုံးများကို ယူဆောင်နေကြောင်း သိရသည်။

“စစ်ခွေးတွေ ယူနေတာ အားလုံးတွက်ကြည့်ရင် သိန်းပေါင်း ၂ထောင် ကျော်ပြီ ကောင်းခန့်ဗိုလ် ကုန်စုံဆိုင်က ဆီပုံးတွေ၊ အိမ်တွေက ဆက်တီခုံတွေ၊ မှန်၊ ပြင်က အစ အကုန်ယူတယ်။ ဒီနေ့ နံနက်ကလည်း စစ်ခွေးကား ၅ စီးနဲ့ ရွာခံ ပျူစောထီး သိန်းထွန်းက အိမ်တွေက ဆက်တီခုံတွေ တင်ပြီး ရေဦးမြို့ကို ထွက်သွားတယ်။ ကား၊ စက်ဘီး ၊ ဆိုင်ကယ်တွေလည်း အကုန်သယ်တာ ။အခုထိလည်း ရွာထဲက ထွက်သွားမယ့် အရိပ်အယောင်မတွေ့ရသေးဘူး။ ဆန်စက်မှာက ဆန်အိတ် ၈ထောင် လောက် သိုလှောင်ထားတာ ။ အဲဒါတွေ အကုန်သယ်မယ့် သဘောရှိတယ်။ ကျနော်တို့ရွာကနေသယ်ပြီး ရေဦးမြို့ရဲစခန်းပို့တယ်ကြားရတယ်” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။

ပုဏ္ဏကားရွာသည် အိမ်‌ခြေ ၁၅၀၀ခန့်ရှိကာ ကျေးရွာကြီးတစ်ရွာ ဖြစ်ပြီး လက်ရှိအချိန်တွင် စစ်ဘေးရှောင်ပြေးနေသူ ၅၀၀၀ ခန့်ရှိကာ သက်ကြီးရွယ်အိုနှင့် ကလေးများပါ အားလုံးနီးပါး ဖျားနာနေကာ COVID 19 (Omicron) ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးရန် လိုအပ်နေပြီး အရေးပေါ် ဆေးကုသခွင့်များလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော ဆန်းသီရိ ဆန်စက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article