26 C
Yangon

NUG က PDFတွေကို မထိန်းနိုင်ရင် လက်နက်ကိုင်ဓားပြတွေဖြစ်ကုန်မယ်၊ PDF အားမပေးဘူးလို့ RCSS ခေါင်းဆောင် ယွက်စစ် ပြော

Must read

ရန်ကုန်| ဖေဖော်ဝါရီ ၂၁

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထိန်းသိမ်းနိုင်မယ်လို့ မမျှော်လင့်ဘဲ နောင်တစ်ချိန်မှာ PDF တွေအနေနဲ့ လက်နက်ကိုင်ဓားပြတွေဖြစ်လာနိုင်တယ်လို့ ရှမ်းပြည်ပြန်လည် ထူ ထောင်ရေးကောင်စီ (RCSS)ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ရှမ်းသတင်း ဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားပါတယ်။

အဆိုပါပြောကြားချက်ကို လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ် အောက်တိုဘာ၁၆ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ ရှမ်းသတင်းဌာနရဲ့ အင်တာဗျူးထုတ်လွှင့်ချက်မှာ ပြောဆိုခဲ့တာဖြစ်ပြီး သူ့အနေနဲ့ PDF တွေကို အားမပေးဘူးလို့လည်းဆိုပါတယ်။

ဒါဟာ RCSSအနေနဲ့ PDFတွေကို သင်တန်းပေးနေတယ်လို့ စစ်ကောင်စီကစွပ်စွဲချက်အပေါ်ဖြေရှင်းတဲ့ ဖြေကြားမှုမှာပြောကြားသွားခဲ့တာဖြစ်ပြီး RCSS အနေနဲ့ PDF တွေကို သင်တန်းပေးတာတွေမရှိခဲ့ဘူးလို့လည်း ဗိုလ်ချုပ်ကြီးယွက်စစ်ကဆိုပါတယ်။

“ကျွန်တော်တို့ကတော့ PDF ကိုအားမပေးဘူး။ ဘာလို့အားမပေးတာလဲဆို
တော့ PDFတွေက အခုတော့ပြဿနာမဟုတ်သေးဘူ။ နောင်တစ်ချိန်မှာ PDFတွေဟာပြဿနာဖြစ်လာလိမ့်မယ်။NUGက သူတို့ကို ထိန်းလို့ရမယ်ထင်လား၊ NUGထိန်းနိုင်မှာမဟုတ်ဘူး။ လက်နက်တွေရသွားပြီး ဘာမှမလုပ်ဖြစ်ရင် နောက်ဆုံးမှာ ဓားပြတွေဖြစ်ကုန်လိမ့်မယ်။ မထိန်နိုင်ခဲ့ရင်ပေါ့။ လက်နက်ဆိုတာအန္တရာယ်ရှိတယ်”လို့ ရှမ်းသတင်းဌာနကို ရှမ်းဘာသာစကားနဲ့ အင်တာဗျူးဖြေကြားမှုမှာ သူကထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါပြောကြားချက်ရုပ်သံဖိုင်ဟာ မနေ့က (ဖေဖော်ဝါရီလ ၂၀ရက်)မှ အင်တာနက်လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံနှံလာပြီး လူထုဝေဖန်မှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ- (RCSS)ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်။

Photo – Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article