ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များက ယနေ့ နံနက် ၆ နာရီအချိန် ဝင်ရောက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။
ယနေ့ နံနက် ၆ နာရီအချိန် ဖယ်ခုံPDF က မဟာမိတ်တပ်ဖွဲ့များနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊နည်းပညာလက်ရုံးတပ်တို့၏အကူအညီဖြင့် ဖယ်ခုံမြို့လွယ်ပါသာဘုရားတောင်နှင့်ကုန်းဆုံဘုရားတောင်တို့တွင်တပ်စွဲထားသော စစ်ကောင်စီတပ်တို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲကြာချိန်တစ်နာရီနီးပါးအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ၅ ဦးထက်မကသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖယ်ခုံPDFက ရဲဘော် ၃ ဦးဒဏ်ရာရပြီး တစ်ဦးမှာစိုးရိမ်ရသည့်အခြေအနေတွင်ရှိသဖြင့်ဆေးကုသမှုခံယူနေရကြောင်း၊ တိုက်ပွဲအတွင်းဖယ်ခုံPDFက စစ်ကောင်စီဘက်မှ ဘီအေ ၁၀၀ တစ်လက် ၊အမ်အေ 2 တစ်လက်၊အမ်အေ3တစ်လက်၊ကျည်တစ်ချို့နှင့်စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ ဖယ်ခုံPDF နှင့်တိုက်ပွဲဖြစ်ပွားခဲ့သော စစ် ကောင်စီတပ်မှာ တပ်မ ၅၅လက်အောက်ခံကလေ ာအခြေစိုက် ခလရ -၇ ဖြစ်ကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။