31 C
Yangon

ဖာပွန်အနောက်ဘက်ကမ်းရှိ စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ရုံးကို KNLA ဖျက်ဆီး၊ တိုက်ပွဲ ၄ ကြိမ်တွင် စစ်သား ၃ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၂

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန် (မူတြော်) ခရိုင်၊ ယွန်းစလင်းမြစ်အနောက်ဘက်ကမ်းရှိ စစ်ကောင်စီ အကောက်ခွန်ရုံးကို KNLA က ဝင်ရောက်ဖျက်ဆီးခဲ့ပြီး တိုက်ပွဲ ၄ ကြိမ်တွင် စစ်သား ၃ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

အပြစ်မဲ့ပြည်သူများ၏ ချွေးနဲစာများကို အဓမ္မကောက်ယူတောင်းစားနေသည့် ယွန်းစလင်းမြစ်အနောက်ဘက်ကမ်း၊ ထူမောဒဲကျေးရွာရှိ စစ်ကောင်စီလက်ပါးစေ အကောက်ခွန်ရုံးကို KNLA တပ်မဟာ ၅၊ တပ်ရင်း ၁၅၊ တပ်ခွဲ ၂ က ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့၊ နံနက် ၈ နာရီခွဲတွင် ကဟီးကျိုး စစ်ကောင်စီစခန်းမှ ရေခပ်ဆင်းသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကြောင်း၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မဲပုခီး (နောလိုကလိုး) တွင် ၁ ကြိမ်၊ ညာတဃိုကျိုးတွင် ၁ ကြိမ်၊ မယ်ဝေ (မဲဝိုင်) တွင် ၁ ကြိမ် KNLA က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

မူတြော်ခရိုင်အတွင်း ကျူးကျော်နေသော စစ်ကောင်စီတပ်သည် ဖေဖေါ်ဝါရီလ ၁၉ ရက် နံနက် ၉ နာရီ ၄၂ မိနစ်တွင် ထူမောဒဲမှ လက်နက်ကြီး ၃ လုံး ပစ်ခတ်ရာ ဒေသခံပြည်သူများ၏ နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article