ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
မော်ဒယ်သရုပ်ဆောင်သင်းသင်းကို စစ်တပ်က ယနေ့ ညပိုင်းတွင် အကြမ်းဖက် ဖမ်းဆီးသွားပြီး ဖက်ဆစ် မင်းအောင်လှိုင်ဓာတ်ပုံကို လူမှုကွန်ရက်တွင် အသ ရေဖျက်တင်၍ ဖမ်းဆီးသည်ဟု စစ်လော်ဘီများဖြစ်ကြသည့် အကြမ်းဖက် စစ်လော်ဘီဟန်ငြိမ်းဦး အပါအဝင် ဖက်ဆစ် စစ်တပ်ဘက်တော်သားများက သတင်း ထုတ်ပြန်ထားသည်။
မော်ဒယ်သရုပ်ဆောင် သင်းသင်း၏ နေအိမ်ကို ဧည့်စာရင်းစစ်မည်ဟုဆိုကာ ဝင်ရောက်၍ အကြမ်းဖက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးမခံရခင် သင်းသင်းက အခြေအနေကို Live လွှင့်၍ ပြည်သူများကို အသိပေး ပြောဆိုမှုများ လုပ်နိုင် ခဲ့သော်လည်း နောက်ဆုံးတွင် ဖုန်းကိုလု၍ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသည်။