ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ လုံခြုံရေးကင်း စခန်း နှစ်ခုကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် PDF တပ်ရင်းတစ်ခုက ယနေ့ နံနက် ၁ နာရီအချိန်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးကြောင်း ဒေသကာကွယ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်ရင်းတစ်ခု သည် နောင်ချိုမြို့တွင်းရှိ ကင်းစခန်းနှစ်ခုကို ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ် အချိန်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း၊ ကင်း စခန်း နေရာတစ်ခုမှာ စစ်ကောင်စီတပ်သားများ အချိန်ကပ်၍ စွန့်ခွာထွက်ပြေးသွားခဲ့သည့်အတွက် ၎င်းနယ်မြေတစ်ဝိုက်တွင် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အခြားကင်းစခန်းနေရာတစ်ခုမှာ စစ်ကောင်စီတပ်သားများ အသင့်စောင့် ဆိုင်း နေသည့်အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း၊ အကြမ်းဖက် ဖက်ဆစ် စစ်တပ်က ကားဖြင့်ဆုတ်ခွာထွက်ပြေးသွားသဖြင့် ၎င်းတို့၏ ကင်းစခန်းကို မီးရှို့ ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။
PDF တပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်ရင်း၏ ပထမဆုံး ပွဲဦးထွက် အောင်ပွဲ တစ် ခု ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပျက်စီးသွားသော လုံခြုံရေး လိုင်းခန်းတချို့။
Photo – နေမျိုးဖေ့ဘုတ်စ်။