29 C
Yangon

ယမန်နေ့ လီဝိုးကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီမှ ၁၀ ဦး ထက်မနည်းသေဆုံး၊ ယနေ့တိုက်ပွဲတွင် စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး PDF ၁ ဦး ကျဆုံး ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၃

ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၂ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ လီဝိုးကျေးရွာနှင့် ဝီသဲကူးကျေးရွာအနီးတွင် အင်အားအလံးအရင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ တနေကုန်နီးပါးဖြစ်ပွားခဲ့ပြီး ညနေ(၃)နာရီအချိန်တွင် ရဟတ်ယာဉ်ဖြင့် (၅)ကြိမ်ခန့် ပစ်ကူတိုက်ခိုက်ခဲ့သည့်အပြင် ညနေ(၄)နာရီအချိန်တွင် တိုက်‌လေယာဉ်(၂)စီးဖြင့် (၇)ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုးဗြဲအခြေစိုက်(ခမရ-၄၂၂)တပ်၊ လွိုင်ကော်အခြေစိုက်(ခလရ-၂၅၀)တပ် နှင့် ဒီးမော့ဆိုအခြေစိုက်(ခမရ-၄၂၇) တပ်တို့မှ တာဝေးပစ်အမြောက်များအသုံးပြုကာ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက် နံနက်အစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၂ ဦး ဒဏ်ရာရပြီး၊ ဒီးမော့ဆိုမြို့နယ် ကဖုကျေးရွာသား ၁ ဦးလည်း သေဆုံးသွားကြောင်း သတင်းရရှိသည်။

“PDF တစ်ယောက် ထိတယ်လို့တော့ ကြားတယ်၊ ဘယ်သူဘယ်ဝါလည်းဆိုတာ မသိသေးပါဘူ၊း သတင်းအတိအကျ မသိသေးဘူး၊ ကျနော်တို့ ဆီကို သတင်း အတိအကျမရောက်သေးဘူး” ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင်လည်း ၈ ရက်မြောက်နေ့အဖြစ် ကရင်နီပြည်နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓါတ်ပုံ – ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article