30 C
Yangon

လာအိုနိုင်ငံတွင် မြန်မာနိုင်ငံသား ၃ထောင်ကျော် သွားရောက်အလုပ်လုပ်နေပြီး ဖိနှိပ်မှုများကြောင့် ဒုက္ခရောက်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

လာအိုနိုင်ငံ ရွှေတြိဂံဒေသရှိ ကာစီနိုများနှင့် စီးပွားရေးလုပ်ငန်းများ တွင် အ လုပ် သွားရောက် လုပ်ကိုင်သည့် မြန်မာနိုင်ငံ သား ၃ထောင်ကျော်ကို လာအို ရဲများနှင့် တရုတ် နိုင်ငံသား လုပ်ငန်းရှင်များ ဖိနှိပ်နေခြင်းကြောင့် နေရပ် ပြန် မရဘဲ အလုပ် လုပ်ပိုင်ခွင့်ပါ ပိတ်ပင်ခံထားရသောကြောင့် ဒုက္ခ ရောက် နေ ကြောင်း ရွှေတြိဂံ ဒေသရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။

ရွှေတြိဂံဒေသတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသော မြန်မာနိုင်ငံသားများသည် တရုတ် လုပ်ငန်းရှင်ကို ဆန္ဒပြကာ နေရပ် ပြန်ခဲ့ခြင်းကြောင့် အလုပ် လုပ်ပိုင်ခွင့် တစ် နှစ်ပိတ်ပင်ခံရပြီး အလုပ်လုပ်ကိုင်ဖူးခြင်းမရှိသော သူများသည်လည်း အာမ ခံပေးမည့် သူမရှိသောကြောင့် အလုပ်လုပ်ကိုင်ခွင့်မရကြောင်းသိရသည်။

” မြန်မာပြည်က တက်လာတာတွေလဲ အလုပ်မရ ပြန်လဲမရ အဲ့လိုတွေ ဖြစ် နေတယ်။ လူဟောင်းတွေဆိုရင် သူတို့က အလုပ်မလုပ်စေချင်ဘူး။ ကုမ္ပဏီကို ဆန္ဒပြပြီး ပြန်ကြလို့တဲ့ တစ်နှစ်အပိတ်ခံထားရတယ်။ လူသစ်တွေ ကျတော့ လည်း လူခံမရှိတော့ အလုပ်မရကြဘူး” ဟု ရွှေတြိဂံ ဒေသရောက် မြန်မာ နိုင်ငံ သားတစ်ဦးကပြောဆိုသည်။

NLD အစိုးရလက်ထက်၌ လာအိုနှင့် တာချီလိတ်ကို ခရီးစရိတ် ၁သိန်းကျော်သာ ကုန်ကျခဲ့ပြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် လာအိုနှင့် တာချီလိတ်ကို ခရီးစရိတ်ငွေကျပ် ၁၃ သိန်းကျော်ပေး၍ သွားနေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ရွှေတြိဂံ နယ်မြေအတွင်းရှိ မြန်မာနိုင်ငံသားများသည် လုပ်ငန်း ရှင် အကြိုက် ရေးဆွဲထားသော စည်းကမ်းများ ပါရှိသည့် စာချုပ်များချုပ်ဆို၍ အလုပ်လုပ်ကိုင်နေရပြီး ကာစီနို တရုတ်သူဌေးများက မြန်မာနိုင်ငံသားများ အပေါ် ပိုမိုဖိနှိပ်ကြောင်းသိရသည်။

” NLD လက်ထက် တုန်းကတော့ အရမ်းကောင်းပါတယ်။ ဒုက္ခလည်း မရောက် ဖူးဘူး။ အာဏာသိမ်းပြီး ၄လပိုင်း ၂၂ ရက်နေ့ကစပြီး မြန်မာတွေ ဒုက္ ရောက် လာတာ အခုချိန်ထိပါပဲ။ တစ်သိန်း ခရီးက အခု ၁၃သိန်းကျော် ပေးသွား နေရ တယ်။ တာချီလိတ်နဲ့လာအိုကို နောက်ပြီးတော့လည်း စာချုပ်တွေနဲ့ပါ အခု အလုပ် လုပ်ရတာ မြန်မာတွေဘက်က တဖက်သက် စာချုပ်တွေပါ။ ကာစီနို တရုတ် သူဌေးတွေက မြန်မာတွေအပေါ် ပိုဖိနှိပ်တယ်။ အဲ့မှာ ရောဂါမရှိပါဘူး။ လူလည်း မသေပါဘူး။ မကြာခဏ ဆေးစစ် ကတ်တွေအမျိုးမျိုးလုပ်ခိုင်း အခုဆို ရင် ရွှေတြိဂံထဲဝင်မရတဲ့ မြန်မာတွေ လာအိုရွာထဲမှာ အများကြီးပဲ” ဟု ရွှေတြိဂံ ဒေသရောက် မြန်မာနိုင်ငံသားတစ်ဦးကပြောဆိုသည်။

ထို့ပြင် နေရပ်ပြန်လိုသူများသည်လည်း တရုတ် နိုင်ငံသား လုပ်ငန်းရှင်များ၏ ပြန်စာရင်းကောက်ခံမှသာ ပြန်နိုင်ပြီး လာအိုရဲများက အလုပ်လုပ်ပိုင်ခွင့် ကတ်များ တောက်လျောက်စစ်ဆေး ဖမ်းဆီးနေကာ တစ်ဦးလျှင် ဘတ် ၅ဝဝဝ ပေး၍ ပြန်ရွေးရကြောင်း၊ နေရပ်ပြန်လိုသူများလည်း အခက်အခဲဖြစ်နေကြောင်း သိရသည်။

” ပြန်ချင်တိုင်း ပြန်မရဘူး။ အခုက သူတို့ ပြန်စာရင်းကောက်မှ ပြန်ရတာ လာအို ရဲတွေကလည်း ဖမ်းတယ်။ ငွေညစ်တယ်။ ပိုက်ဆံနဲ့ ပြန်ရွေးလို့ရပါတယ်။ ဖမ်း မိရင် ဘတ်၅၀၀၀နဲ့ ပြန်ရွေးရတယ်။ ကတ်က လာအိုကတ်ပါ။ အလုပ် သမား ကတ်ကတော့ တစ်ပတ်ကို ယွမ်၁၀၀ထည့်ရတယ်။ စိမ်းနေမှ သွားလာ ခွင့်ရ တယ်။ ဝါနေရင် ဖမ်းတယ်။ သွားလာခွင့် မပေးဘူး။ ပြောရရင် ကတ်ထဲ ပိုက်ဆံ ရှိရင် စိမ်းနေတဲ့သဘောပါ” ဟု ရွှေတြိဂံ ဒေသရောက် မြန်မာနိုင်ငံသား တစ်ဦးက ပြောဆိုသည်။

လာအိုနိုင်ငံတွင် မြန်မာအလုပ်သမားများ ဒုက္ခရောက်နေမှု လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးကို အလုပ် သမားက ဆက်သွယ်တိုင်ကြားမှုများ လုပ်ဆောင် သော် လည်း လက်ရှိချိန်ထိ မည်သည့် ကိစ္စကိုမှ တာဝန်ယူဆောင်ရွက် ပေးခြင်း မရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ- လာအိုနိုင်ငံ၊ ရွှေတြိဂံဒေသရှိ တရုတ်ကာစီနိုနှင့်စီးပွားရေးလုပ်ငန်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article