29 C
Yangon

ကောလင်းတွင် စစ်တပ် သတ်ဖြတ်ထားသော ရုပ်အလောင်း ၄လောင်းတွေ့ရှိပြီး CDM ထွေ/အုပ်ဝန်ထမ်းစာရေးမ အပါအဝင် အမျိုးသမီး ၂ ဦး မုဒိမ်းကျင့် ပြီးမှ စစ်တပ်က သတ်ဖြတ်ခဲ့ဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်ပြင်သာ အုပ်စု မင်းကုန်းရွာထိပ် တောင် ကုန်းတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက သတ်ဖြတ်ထားသော ရုပ်အလောင်း ၄လောင်းတွေ့ရှိခဲ့ပြီး အမျိုးသမီး ၂ဦးမှာ မုဒိမ်းကျင့် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း Kawlin Revolution-KR အဖွဲ့ထံမှ သိရသည်။

အဆိုပါ သေဆုံးသူ ၄ ဦး၏ အမည်များကို ဆက်လက် အတည်ပြု ဖော်ထုတ် လျက်ရှိပြီး စစ်တပ်က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သော အမျိုးသမီး ၁ ဦးသည် CDM ပြုလုပ်ထားသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းစာရေးမ ဖြစ်ကြောင်းသိရသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ ကောလင်းမြို့နယ် ကုက္ကိုကုန်းရွာရှိ ဆေးခန်းတစ်ခုကို မီးရှို့ကာ ဆေးပစ္စည်း များကို ဖျက်ဆီးခဲ့ပြီး ဥမင်ကုန်းရွာရှိ ပြည်သူပိုင် နေအိမ်များကိုလည်း လက် နက် ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက် ဖျက်ဆီးခဲ့သည့် ကျေးရွာ များရှိ ပြည်သူ ၇ထောင်ခန့်သည် လက်ရှိချိန်တွင် ဘေးလွတ်ရာသို့ ထွက် ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article