27 C
Yangon

စနိုက်ပါဖြင့် ပစ်မည်ဟု ခြိမ်းခြောက်ခံနေရပြီး လေဆာရောင်ခြည်ဖြင့် ချိန် ရွယ်ခံရဟုချင်းပြည်နယ်ဝန်ကြီးချုပ် ငွန် ဆန်းအောင်က မင်းအောင်လှိုင်ကို တိုင်၊ ရိဒ်စစ်ဆေးရေးဂိတ်တွင် စစ်တပ် ချပေးရန် တောင်းဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

အကြမ်းဖက် စစ်ကောင်စီက ခန့်အပ်ထားသော ချင်းပြည်နယ်ဝန်ကြီးချုပ် ငွန် ဆန်းအောင်က ၎င်းကို စနိုက်ပါဖြင့် ပစ်မည်ဟု ခြိမ်းခြောက်ခံနေရကြောင်း အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်ကို တိုင်ကြားလိုက်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ စစ်ကောင်စီအလွတ်သဘောအစည်းအဝေး ၎င်းက အထက်ပါအတိုင်း မင်းအောင်လှိုင်ကို တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်က ယခုရက်ပိုင်းခြိမ်းခြောက်မှုများရှိလာကြောင်း၊ ၎င်း၏ ဆွေမျိုးများလည်းခြိမ်း ခြောက်ခံနေရကြောင်း၊ ၎င်းကို စနိုက်ပါဖြင့် ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း၊ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်း ဆောင် ခြင်း မပြုဘဲ ရိဒ်မှတစ်ဆင့် အိန္ဒိယမီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးရန် ကားငှား ပေး ထား သည်ဟု ခြိမ်းခြောက်လာကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၎င်းထမင်း စား လေ့ရှိသည့်နေရာကို ချိန်ရွယ်ထားသည့် လေဆာ ရောင်ခြည်ကို မြင် တွေ့ ရသဖြင့် ပြတင်းပေါက်ဖွင့်ကြည့်ရာ ပြန်လည် ပျောက်သွားကြောင်း မင်းအောင် လှိုင်ကို အသေးစိတ်တိုင်ကြား ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးတွင် ၎င်းက ရိဒ်ကို စိုးရိမ်ကြောင်း၊ ရိဒ်စစ်ဆေးရေး ဂိတ် တွင် လုံခြုံရေး မရှိဘဲ CDF များက နေရာယူထားကြောင်း၊ အခွန်ကောက် ခံ နေသဖြင့် စစ်တပ်ချထားပေးရန် ငွန်ဆန်းအောင်က မင်းအောင်လှိုင်ကို တင်ပြ တောင်းဆိုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article