31 C
Yangon

မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီကို BIMSTEC ထိပ်သီးညီလာခံသို့ ဖိတ်ကြားခြင်းမပြုရန် သံရုံးများသို့ တောင်းဆိုစာများ ပေးပို့

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီကို လာမည့် မတ်လ ၃၀ ရက်တွင် ပြုလုပ်မည့် BIMSTEC ထိပ်သီးညီလာခံသို့ ဖိတ်ကြားခြင်းမပြုရန် အဖွဲ့ဝင်နိုင်ငံများ၏ အိန္ဒိယအခြေစိုက် သံရုံးများသို့ India for Myanmar အဖွဲ့သားများက အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြသည်။

လာမည့် မတ်လ ၃၀ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် BIMSTEC ထိပ်သီးညီလာခံသို့ မြန်မာပြည် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်အား မြန်မာပြည်ကိုယ်စားပြု မဖိတ်ခေါ်ရေးနှင့် ထိပ်သီးညီလာခံ၏ ဆွေးနွေးချက်များသည် မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးကြီး၏ တောင်းဆိုချက်များကို လေးစားအသိအမှတ်ပြုရန် အိတ်ဖွင့်ပေးစာတွင် တိုက်တွန်းထားသည်။

ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ပါဝင်သော BIMSTEC ဒေသတွင်းအဖွဲ့အစည်းများ၏ ၂ နှစ် ၁ ကြိမ် အစည်းအဝေးကို မတ်လ ၃၀ ရက်တွင် သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

India For Myanmar အနေဖြင့် နိုင်ငံတကာရောက် တော်လှန်ရေးအင်အားစုအားလုံးအား မိမိရောက်ရှိနေထိုင်ရာ နိုင်ငံရှိ BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများထံ ဖိအားပေး အိတ်ဖွင့်ပေးစာများ ပေးပို့ခြင်း/လှုပ်ရှားမှုများ ပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article