ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ၀ချောင်းဦးလမ်းပေါ်တွင် စက်သုံးလောင် စာ ဆီတင်ကားများကို ဆက် ကြေးကောက်ခံနေသော စစ်တပ်ကို ရေစကြို PDF က တိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦးနှင့်စစ်သားတစ်ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရမိကြောင်း သိရှိရသည်။
ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ရေစကြိမြို့နယ် ပခုက္ကူ-ချောင်းဦး လမ်းမ ကြီးပေါ်တွင် ဆီကားများအားဆက်ကြေးကောက်ခံ နေသော စစ်ကောင်စီ တပ် များကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦး နှင့် တပ်သား တစ်ဦး သေဆုံး သွားပြီး သေနတ်တစ်လက် သိမ်းဆည်းရမိကြောင်း၊ ပြည်သူ့ ကာကွယ်ရေး ရဲဘော် များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြို People Defense Force Yesagyo က သတင်းထုတ်ပြန်သည်။