28 C
Yangon

တန့်ဆည် ချောင်းရိုးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ် ခတ်၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ချောင်းရိုးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က လက်နက်ကြီး များဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခဲ့ပြီး နေအိမ်တချို့ထိမှန်ကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ရေဦးမြို့နယ် အစပ်ရှိ ပုဏ္ဏကားရွာတွင် တပ်စွဲထားသော စစ်ကြောင်းဖြစ်ပြီး ချောင်းရိုးရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

” ရွာထဲကို လက်နက်ကြီးတွေနဲ့ ၃ကြိမ်ထက် မနည်းကို ပစ်ထည့်တာ တစ် ရွာလုံးထွက်ပြေးနေရတယ်။ ထိခိုက် ဒဏ်ရာရတဲ့သူတော့ အတိအကျတော့ မသိသေးဘူး။ အကုန်လုံး တကွဲတပြားဖြစ်နေတယ်။ နေအိမ်တချို့တော့ လက်နက်ကြီးထိတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article