30 C
Yangon

စစ်ကောင်စီလက်ပါးစေ BGF ၁၀၁၃ တပ်ရင်းက ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ကပီခီး ရွာသား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ၊ တပ်မဟာ ၁ နယ်မြေတွင်လည်း လက်နက်ကြီးထိမှန်ပြီး စာသင်ကျောင်းနှင့် နေအိမ် ၁ လုံးပျက်စီး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၆

အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ဗိုလ်မောင်ချစ် ဦးဆောင်သော BGF ၁၀၁၃ တပ်ရင်းက ဖေဖေါ်ဝါရီလ ၂၄ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် KNU တပ်မဟာ ၅ နယ်မြေ၊ ဒွယ်လိုးမြို့နယ်၊ ကမီခီးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ရွာသား ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၉ နှစ်အရွယ် စောခူနေလား သေဆုံးခဲ့ပြီး စောဘရီး ၇၀ နှစ်၊ စောဟဲနရီ ၄၆ နှစ်၊ နော်ဘူထူး ၄၃ နှစ်၊ စောမူဂေတော ၁၃ နှစ်တို့ ဒဏ်ရာရခဲ့ကာ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်မောင်ချစ် ဦးဆောင်သော BGF ၁၀၁၃ တပ်ရင်းက ဒွယ်လိုးမြို့နယ်၊ ကွမ်းပင်ကျေးရွာသို့ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည် ၁ လုံးသည် ကပီခီးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များသည် ဖေဖေါ်ဝါရီလ ၂၂ ရက်နံနက်တွင် လယ်ဂူနှင့် ကျော်တရီသို့ ရောက်ရှိလာပြီး ကျေးရွာသားများကို တဦးလျှင် ငွေ ၆,၀၀၀ ကျပ်ဖြင့် စခန်းတည်ဆောက်ရန် အတင်းအကြပ်ခိုင်းစေခဲ့ကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၉ စခန်းက ဖေဖေါ်ဝါရီလ ၂၄ ရက် ည ၉ နာရီခွဲတွင် လက်နက်ကြီးပစ်ခတ်ခဲ့ပြီး KNU တပ်မဟာ ၁ နယ်မြေ သထုံမြို့နယ်၊ ကြခတ်ချောင်းကျေးနယ်၊ နောင်ကတုတ်အောက်ပိုင်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲကာ လူနေအိမ် ၁ လုံးနှင့် စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။

ထိုနေ့တွင် ပိန်နဲတော စကခ ၈ စခန်းမှ လက်နက်ကြီး ၄ ချက်ထပ်မံပစ်ခတ်ခဲ့ပြီး ဒုံသမိချောင်း တစ်ဖက်ကမ်းတွင် ၃ လုံးကျ ရောက်ပေါက်ကွဲ၍ ပရစ်ခိုကျေးရွာအနီးတွင် ၁ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article