24.8 C
Yangon

ပြည်သူ့ဘက်သို့ ပြောင်းလာသူ ဒုတိယဗိုလ်မှူးကြီး ၃ ဦးတွင် ရုရှားပြန် အဏူမြူ မဟာ ဘွဲ့ရ နည်းပညာကျွမ်းကျင်သူပါဝင်၊ လေတပ်မှ တပ်ကြပ်ကြီး တစ်ဦး လည်း CDM ဝင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူကို သတ်ဖြတ်နေသော လုပ်ငန်းစဉ် များနှင့် မင်းအောင်လှိုင်၏ အာဏာ ရူးမှု အခြေအနေကို မကြိုက်နှစ်သက် တော့ ၍ ပြည်သူ့ဘက်သို့ ခိုလှုံလာသော ဒုတိယဗိုလ်မှူးကြီး ၃ ဦး ရှိနေပြီး ယင်း တို့ထဲတွင် ရုရှားပြန် အဏူမြူ မဟာ သိပ္ပံဘွဲ့ရ နှင့်နည်းပညာ ဆိုင်ရာ ကျွမ်း ကျင်သူ ပါဝင်ကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

“အဏူမြူဗေဒပေါ့။ နူကလီးယားပေါ့။ မဟာသိပ္ပံဘွဲ့ရ ရုရှားပြန် တစ်ဦးပါတယ်။ ပညာရှင်လို့ ပြောလို့ရ မရတော့ မသိဘူး။ ဒုတိယဗိုလ်မှူးကြီး ရာထူးက” ဟု ရန် ကုန် ခေတ်သစ်၏ သတင်း ရင်း မြစ်က ပြောသည်။

ရှမ်းပြည်နယ်၊ နမ့်စမ်လေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်တစ်ဦး စစ်ကောင်စီ ကို ဆန့်ကျင်ကာ ပြည်သူနှင့်ရပ်တည်လာကြောင်း၊ နမ့်စမ် လေတပ် စခန်း ဌာနချုပ်၊ အမှတ်-၃၅ ကင်းထောက်လေယာဉ်အုပ် ဖစ်တာလေယာဉ် (ကိုယ် ထည်) လုပ်ငန်းမှ တပ်ကြပ်ဝေလ ပြည်သူ့ပန်းတိုင်အဖွဲ့၏ ချိတ်ဆက်ပေးမှုဖြင့် လွတ်မြောက်နယ်မြေတနေရာသို့ ဖေဖော်ဝါရီ ပထမအပတ်အတွင်းက ခိုလှုံ လာခဲ့ ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။

“ရိုးသားချင်ယောင်ဆောင်ပြီး မရိုးသားမှုတွေကြားထဲမှာ ပြည်သူတွေပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းကို ပုဒ်မပေါင်းများစွာတတ်ပြီး အတင်းအဓမ္မယူ၊ ရက်စက်စွာ ညည်းပန်းနှိပ်စက်ပြီး သေလောက်တဲ့ထိ အပြစ်ပေးတဲ့ တပ်မတော် မှာ မနေ ချင်လို့ ခုလို CDM ဝင်ရောက်ရခြင်းဖြစ်ပါတယ်။ စစ်ဆေးရင်း သေသွားရင် တောင် ဗျူ ဟာမှူး အိပ်ရေးပျက်မှာစိုးလို့ မနက်မှ သတင်းပို့ပါဆိုတာ ကြုံခဲ့ ရသေးတယ်ဗျ” ဟု တပ်ကြပ်ဝေလက ပြည်သူ့ပန်းတိုင်သို့ ဖြေကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article