ရန်ကုန်၊ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်၊ သီလဝါဆိပ်ကမ်းမှ လေယာဉ်ဆီ ဆီဘောက် ဆာကား ၃ စီးကို ယနေ့ နံနက်ပိုင်း စစ်ယာဉ်တန်း လုံခြုံရေးအပြည့်ဖြင့် သယ် ဆောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာန သို့ပြော ဆိုသည်။
“သီလဝါဆိပ်ကမ်းကနေ ဆီဘောက်ဆာသုံးစီးလာထုတ်သွားပါတယ်။ ဆီ ဘောက် ဆာရှေ့မှာ စစ်ကားအသေးလေးစီး နောက်မှာအသေးနှစ်စီးနဲ့ စစ် ကားကြီးတစ်စီးပါတယ်။ ကားတွေမှာ စစ်သားတွေအပြည့်ပါပဲ။ ဒီမနက် ၆ နာရီး ၁၀ မီနစ်လောက်ကပါ” ဟု သန်လျင်ဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်ခေတ်သစ်က ရေတပ်သတင်းရင်းမြစ်ထံသို့ ဆက်သွယ်မေးမြန်းရာ လေယာဉ်ဆီဘောက်ဆာကားများကို ဆီသယ်စဉ် လုံခြုံရေး အထူး ပေးပြီး သယ်ယူနေကြောင်း၊ ရန်ကုန်တိုင်းအတွင်းတွင်ပင် စစ်ကားများ မိုင်းခွဲခံနေရ၍ လုံခြုံရေးအပြည့်ဖြင့် သယ်ယူရန် ညွှန်ကြားချက်ရှိနေကြောင်း ပြောဆိုသည်။