28 C
Yangon

ဆောနှင့် ကန်ပက်လက် အစပ်တွင် စစ်ကောင်စီနှင့် CDF Kanpetlet တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၁ဝဦးထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ချင်းပြည်နယ်နှင့် မကွေးတိုင်း အစပ်ရှိ ဆောမြို့နယ် ဆွဲလွဲကျင်းရွာနှင့် ကန်ပက်လက်မြို့နယ် မဆာတွီကျေးရွာ ကြားတွင် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၈နာရီမှ စတင်ကာ ညနေ ၄နာရီထိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် CDF Kanpetlet တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၁ဝဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် သေဆုံး စစ်သားများ၏ ရုပ်အလောင်းများကို လမ်းဘေးရှိ တဲအိမ်တစ်အိမ်တွင် ပြန်စုစည်းပြီး တဲအိမ်ပါ ပါမီးရှို့ဖျက်ဆီးကာ သဂြိုလ်သွားပြီး လမ်းဘေး ဝဲယာရှိ သစ်ရွက်ခြောက်များနှင့် ခြုံတောများကိုလည်း မီးရှို့သွားကြောင်း CDF Kanpetlet ထံမှ သိရသည်။

ယင်းအကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသည့် ယာဉ်တန်းကို CDF Kanpetlet က ပျောက်ကျားစနစ်ဖြင့် ကြားဖြတ် တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး လောင်းရှည် PDF တပ်ဖွဲ့များပါ CDF Kanpetlet တပ်ဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article