26.5 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: February, 2022

စစ်အာဏာရှင် ချေမှုန်းရေး ၃၈၂ ရက်မြောက် ကလေးမြို့သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဖေဖေါ်ဝါရီလ ၂၄ ရက် ယနေ့တွင် ၃၈၂ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေပြီး ဖယ်ခုံကို တိုက်လေယာဉ်များဖြင့် ဗုံးကျဲ၊ ကလေးမြို့၊ မှန်တောကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက တိုက်လေယာဉ်များအသုံးပြုကာ ဖယ်ခုံမြို့နယ်ကို ယနေ့နံနက်တွင် ၇ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။လက်ရှိတွင် ကရင်နီပြည်နယ် နေရာအနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံးကာ...

ဖားကန့်၊ ကာမိုင်းစစ်ဆေးရေးဂိတ်ကို KIA၊ PDF ပူးပေါင်းတပ် ဝင်တိုက်၊ စစ် ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး သေနတ် ၅ လက်သိမ်းဆည်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကာမိုင်းစစ်ဆေးရေးဂိတ်ကို KIA၊ PDF ပူးပေါင်းတပ် ဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး သေနတ် ၅ လက်သိမ်းဆည်းမိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ အတည်ပြုပြောဆိုသည်။ ဖားကန့်လမ်းပိုင်းရှိ အစစ်အဆေးကြမ်းသော စစ်ကောင်စီ...

ယူကရိန်း နေရာအနှံ့အပြားကို ရုရှားက ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရုရှားသမ္မတပူတင် ယူကရိန်းကို စစ်ကြေညာပြီးနောက် ယူကရိန်းနေရာ အနှံ့ အပြားတွင် ပေါက်ကွဲသံများကြားရပြီး ရုရှားက ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် နေကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ ယူကရိန်းအစိုးရကလည်း ရုရှားက ၎င်းတို့ကို ပစ်ခတ် တိုက်ခိုက် နေပြီ ဖြစ် ကြောင်း အတည်ပြုလိုက်ပြီး...

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ စစ်တိုင်းတိုင်း ၊ ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်း ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ပျောက်ကြားသပိတ်အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်တွင် စခန်းမှူးအပါအဝင် ရဲ ၅ ဦးသေဆုံးခဲ့သော ရေပြာ ရဲကင်းစခန်းကို PDF ဝင်ရောက်တိုက်ခိုက်မှု (ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်ခန့်အချိန် မကွေးတိုင်း၊ ပေါက် မြို့နယ် ရေပြာရဲစခန်းကို ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ မြိုင် မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ပေါက်မြို့နယ်ပြည်သူကာကွယ် ရေး တပ်...

ကိုယ်ဝန်အရင့်အမာရှိနေသော မသူဇာဝင်းထွေးကို PDF ထောက်ပံ့သည်ဟု စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထား၊ မနက်ဖြန် ရုံးထုတ်မည်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာနေ ကိုယ်ဝန် ၇ လ လွယ်ထားရသူ မသူဇာဝင်းထွေးကို ဖေဖေါ်ဝါရီလ ၁၂ ရက် ညနေပိုင်းတွင် မတရားဖမ်းဆီးသွားပြီး မနက်ဖြန်တွင် ပထမအကြိမ် ရုံးထုတ်စစ်ဆေးမည်ဟု မိသားစုဝင်များထံမှ သိရှိရသည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ပစ္စညးများထောက်ပံ့ပို့ဆောင်ပေးနေသည်ဟု အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ကော့ကရိတ် အမှတ်...

ယူကရိန်းတွင် စစ်ဆင်ရေး ဆင်နွှဲမည်ဟု ရုရှားသမ္မတ ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရုရှားသမ္မတပူတင်က ယူကရိန်းနိုင်ငံ ဒွန်းဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေး ဆင်နွှဲမည်ဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။ ရုရှားသမ္မတပူတင်က ယူကရိန်းမှ ခွဲထွက်ရေး သူပုန်များကို ထောက်ခံလိုက်ပြီး ယူကရိန်းနိုင်ငံရှိ ပြည်နယ် Donetsk နှင့် Lugansk ဒေသနှစ်ခု၏ လွတ်လပ် ရေးကို ရုရှားက...

ဒေါ်အောင်ဆန်းစုကြည် လက်ထက် လူရာမသွင်းခံရမှု၊ စိတ်နာခဲ့ရမှုများကို မင်းအောင်လှိုင် ထုတ်ပြော၊ အာဏာသိမ်းလိုက်၍ စိတ်တိုင်းကျ ငွေသုံးခွင့်ရ၊ သမိုင်းရေးထိုးခွင့်ရပြီး စက်ရုံများကို စစ်တပ်က လွှဲယူလိုက်ပြီဟုပြော

By ရန်ကုန်ခေတ်သစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရလက်ထက် လူရာ မသွင်း ခံရ မှု၊ စိတ်နာခဲ့ရမှုများကို စစ်ကောင်စီ အစည်းအဝေးမှာ မင်းအောင်လှိုင် ထုတ် ဖော် ပြောဆိုသည်။ဖေဖော်ဝါရီ ၁၃ ရက်နေ့ စစ်ကောင်စီ၏ အလွတ်သဘော အစည်းအဝေးတွင် မင်းအောင်လှိုင်က NLD အစိုးရ...

ကောလင်းတွင် စစ်တပ် သတ်ဖြတ်ထားသော ရုပ်အလောင်း ၄လောင်းတွေ့ရှိပြီး CDM ထွေ/အုပ်ဝန်ထမ်းစာရေးမ အပါအဝင် အမျိုးသမီး ၂ ဦး မုဒိမ်းကျင့် ပြီးမှ စစ်တပ်က သတ်ဖြတ်ခဲ့ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်ပြင်သာ အုပ်စု မင်းကုန်းရွာထိပ် တောင် ကုန်းတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက သတ်ဖြတ်ထားသော ရုပ်အလောင်း ၄လောင်းတွေ့ရှိခဲ့ပြီး အမျိုးသမီး ၂ဦးမှာ မုဒိမ်းကျင့် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း Kawlin Revolution-KR...

Latest news

- Advertisement -spot_img