31 C
Yangon

ကိုယ်ဝန်အရင့်အမာရှိနေသော မသူဇာဝင်းထွေးကို PDF ထောက်ပံ့သည်ဟု စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထား၊ မနက်ဖြန် ရုံးထုတ်မည်

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာနေ ကိုယ်ဝန် ၇ လ လွယ်ထားရသူ မသူဇာဝင်းထွေးကို ဖေဖေါ်ဝါရီလ ၁၂ ရက် ညနေပိုင်းတွင် မတရားဖမ်းဆီးသွားပြီး မနက်ဖြန်တွင် ပထမအကြိမ် ရုံးထုတ်စစ်ဆေးမည်ဟု မိသားစုဝင်များထံမှ သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ပစ္စညးများထောက်ပံ့ပို့ဆောင်ပေးနေသည်ဟု အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ကော့ကရိတ် အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်သိန်းက မတရားစွပ်စွဲပြီး ဖေဖေါ်ဝါရီလ ၁၂ ရက် ညနေ ၅ နာရီ၌ လှိုင်ဝကျေးရွာရှိ နေအိမ်တွင် မသူဇာဝင်းထွေးကို စစ်ကောင်စီ အင်အား ၄၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်က ကော့ကရိတ်နဲ့ ဘားအံကို ကားမောင်းတာ၊ ဘားအံကိုပစ္စည်းမှာမယ့် လူတွေဆီကနေအော်ဒါကောက်ပြီး အမြဲသွားတာ။ ကျနော့်မိန်းမ ဆေးခန်းဖိုးနဲ့ ဆီဖိုးလေးပြန်ကာမိအောင်ပေါ့။ ဒါကိုဘယ်သူတွေက သွားပြီး အတို့အထောင် လုပ်လိုက်တာလဲမသိဘူး။ နောက်ပြီး ဟိုအဖွဲ့ထောက်ပံ့တယ်၊ ဒီအဖွဲ့ထောက်ပံ့တယ်ဆိုပြီးတော့ သူတို့ပြောတယ်။ ကိုယ့်အခြေနေကိုယ်အသိဆုံးပဲလေ၊ အဲ့လိုထောက်ပံ့ဖို့နေနေသာသာ ကိုယ့်ဟာကိုယ်တောင်မငတ်အောင်မနည်းနေနေရတာ။ မိန်းမမီးဖွားစရိတ်အတွက် ပိုက်ဆံမလောက်လို့တောင်မှ ဖွင့်ထားတဲ့ ဆိုင်ထဲက ပစ္စည်းတွေကိုငွေမြန်မြန်ပေါ်အောင် အောက်ဈေးနဲ့ ပြန်ထုတ်ရောင်းနေတာ‌အားလုံးအသိပဲ” မသူဇာဝင်းထွေး၏ ခင်ပွန်းဖြစ်သူက ပြောသည်။

မသူဇာဝင်းထွေးကို ပုဒ်မ၏ မိခင်နှင့် ခင်ပွန်းဖြစ်သူမှာ လက်ရှိတွင် ပုန်းအောင်းနေနေရကြောင်းလည်း သိရှိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ ဖြင့် မတရားစွပ်စွဲဖမ်းဆီးခံထားရသူ မသူဇာထွေးသည် ကိုယ်ဝန် ၇ လ လွယ်ထားရသူဖြစ်ပြီး ဘားအံမြို့တွင် ပုံမှန်ဆေးစစ်မှု ခံယူနေရသူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article