28 C
Yangon

ယူကရိန်းတွင် စစ်ဆင်ရေး ဆင်နွှဲမည်ဟု ရုရှားသမ္မတ ကြေညာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရုရှားသမ္မတပူတင်က ယူကရိန်းနိုင်ငံ ဒွန်းဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေး ဆင်နွှဲမည်ဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။

ရုရှားသမ္မတပူတင်က ယူကရိန်းမှ ခွဲထွက်ရေး သူပုန်များကို ထောက်ခံလိုက်ပြီး ယူကရိန်းနိုင်ငံရှိ ပြည်နယ် Donetsk နှင့် Lugansk ဒေသနှစ်ခု၏ လွတ်လပ် ရေးကို ရုရှားက အသိအမှတ်ပြုကြောင်း ၊ သူပုန်ခေါင်း ဆောင်များက ရုရှားထံမှ စစ်ရေးအကူအညီတောင်းလာသဖြင့် စစ်ဆင်ရေး ဆင်နွှဲရခြင်းဖြစ်ကြောင်း၊ ယူကရိန်းစစ်တပ်အနေဖြင့် လက်နက်ချပြီး အိမ်ပြန်စေချင်ကြောင်း ပြောဆို သွားသည်။

လက်ရှိတွင် ယူကရိန်းဒေသတချို့တွင် ပေါက်ကွဲသံများကြားနေရပြီး ယူကရိန်း သမ္မတကလည်း နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာထားသည်။

အမေရိကန်၊ ဗြိတိန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ရုရှား သမ္မတ ပူတင်၏ လုပ်ရပ်ကို ရန်လိုသော လုပ်ရပ်အဖြစ် ရှုတ်ချလိုက်ပြီး ဆိုးဝါးသော နောက်ဆက်တွဲများ ကြုံတွေ့ရမည်ဟု သတိပေးနေကြပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article