36 C
Yangon

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးသော ဒီးမော့ဆိုတိုက်ပွဲတွင် စစ်သား ၂ ဦး အရှင်ဖမ်းမိ၊ စစ်သား အလောင်းများ ပုံနေ

Must read

ရန်ကုန်၊ မတ် ၆

မတ်လ ၅ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးခဲ့ပြီး စစ်သား ၂ ဦးကိုလည်း အရှင်ဖမ်းမိကြောင်း ၊ စစ်သားအလောင်းများ ပုံနေကြောင်း ကရင်နီပြည်နယ် PDF သတင်းရင်းမြစ်များနှင့်အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးဌာနက သတင်းထုတ်ပြန်သည်။

အထူးစစ်ဆင်းရေးတပ်၊DMO PDF ၊ LOIKAW PDF ၊ ဖယ်ခုံ PDF ၊ KA ၊ KNDF နှင့်ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းခုခံတိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အရှင် ၂ ဦး ဖမ်းမိခဲ့ပြီး မဟာမိတ်အဖွဲ့များ၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်တပ်က ကျောက်ဆည်ကန်မှ ဘုရားငုတ်တိုဖက်သို့ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ သေးဆူးလဲကျေးရွာနှင့် ဒေါနော်ကူးကျေးရွာအကြားတွင် စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုနှင့် KGZ ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦး သေဆုံးကြောင်း DMO-local PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များကို ခုခံစစ်ဆင်နွှဲရာတွင် ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၊ CTU နည်းပညာလက်ရုံးတပ်နှင့် အခြားတော်လှန်ရေးတပ်များ ပူးပေါင်း တိုက်ပွဲဝင်ကြောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်တွင်လည်း စစ်ကြောင်း ထပ်မံ ထိုးလာသော စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ်များက ခုခံစစ်ဆင်နွှဲကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၅ ရက်နေ့ တစ်နေကုန်ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှီခဲ့ကြောင်း၊ CTU နည်းပညာတပ်၏ ဒရုန်းတစ်စင်းလည်း ပျက်စီးသွားခဲ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် လူနေအိမ်များကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article