33 C
Yangon

ရန်ကုန် ကြည့်မြင်တိုင်တွင် ဗုံးပေါက်ကွဲ၊ မြောက်ဒဂုံ Mytel အနီးဗုံးကွဲပြီး စစ်သားတချို့ ထိခိုက်ဒဏ်ရာရဟုဆို

Must read

ရန်ကုန်၊ မတ် ၃၁

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ယနေ့ မတ်လ ၃၁ ရက်နေ့ ညပိုင်း ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးမှုများလုပ်ဆောင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ်လ ၃၁ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ကြည့်မြင်တိုင်မြို့နယ်၊ အရိုးကုဆေးရုံအပေါ်လမ်း CNG ဂတ်(စ်) ဆိုင်နားတွင် ဗုံးပေါက်ကွဲကြောင်း၊ထိခိုက်မှု မရှိသော်လည်း စစ်တပ်နှင့်ရဲက ကြည့်မြင်တိုင် နေရာအများအပြားကို ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။

“အခု ဗားကရာချောက်နားမှာ စစ်နေပြီ။ ဘာမှ တော့မဖြစ်ဘူး။ ဗုံးသံကတော့ အရမ်းကျယ်တယ်။ ဆင်မလိုက်နားမှာလည်း တစ်ဖွဲ့စစ်နေတယ်ပြောတယ်။ ခွေးတွေ အတော်တော့ လန့်သွားပုံရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မတ်လ ၃၁ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဗိုလ်မှူးဗထူးစျေးအနီး၊ Mytel တာဝါတိုင်ဘေးတွင် ဗုံးပေါက်ကွဲပြီး စစ်သား ၄ ဦးထိခိုက်ဒဏ်ရာရကြောင်း ကနဦး သတင်းများထွက်ပေါ်လျက်ရှိကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်း လုံခြုံရေးယူနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- Agencies။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article