28 C
Yangon

ကြို့ပင်ကောက်မြို့နယ်တွင် စာရေးဆရာ လင်းညှို့သွေးကို စစ်တပ်က အတင်း အဓမ္မရိုက်နှက် ဖမ်းဆီးသွားပြီး အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေ

Must read

ကြို့ပင်ကောက်မြို့နယ်တွင် စာရေးဆရာ လင်းညှို့သွေးကို စစ်တပ်က အတင်း အဓမ္မရိုက်နှက် ဖမ်းဆီးသွားပြီး အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေ

ရန်ကုန်၊ ဧပြီ ၂၇

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စာရေးဆရာ လင်းညှို့သွေးကို စစ်တပ်က အတင်းအဓမ္မရိုက်နှက် ဖမ်းဆီးသွားပြီး အဆက် အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ ည ၉ နာရီအချိန် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် သဲကုန်းရပ်ကွက်တွင် နေထိုင်သော စာရေးဆရာ လင်းညှို့သွေး၏ နေအိမ်သို့ စစ်တပ်က ဝင်ရောက်စီးနင်းကြောင်း၊ ယင်းနောက် လင်းညှို့သွေး ၏ နာမည်ကို မေးကာ အတင်းအဓမ္မရိုက်နှက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

” ဖမ်းသွားတာက စစ်သား အင်အား ၄ဝ ပတ်ခြာလည်လောက်ရှိပါတယ်။ အတင်းအဓမ္မ ရိုက်နှက်ပြီးခေါ် သွားတာပါ။ ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာ ၂ ညရှိပြီ လုံးဝ စုံစမ်းလို့မရ သေးပါဘူး” ဟု မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖမ်းဆီးခံရသူ လင်းညှို့သွေးသည် အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး အမည်ရင်းမှာ ကိုကျော်သူလွင် ဖြစ်ကြောင်း၊ ယခင်က တော်လှန်ရေးတွင် ပါဝင်ခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင် ကျန်းမာရေး မကောင်းမွန်သဖြင့် အနားယူနေသူဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်သားများသည် လာရောက်ဖမ်းဆီးချိန် လျှပ်စစ်မီးများ ဖြတ်တောက်၍ နေအိမ်ကို ဝိုင်း စစ်တပ်က ၀ိုင်းထားခဲ့ကြောင်း၊ ယင်းနောက် စာရေးဆရာ လင်းညှို့သွေးကို ရိုက်နှက်ကန်ကြောက်၍ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း၊ တစ်အိမ်လုံးကို မွှေနှောက်၍ မိသားစုဝင်များ၏ ဖုန်းများကိုပါ သိမ်းယူသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article