35 C
Yangon

ပြင်ဦးလွင်မြို့ နှင့် ၁၀ မိုင်အကွာ သရက်ကုန်းကျေးရွာ စစ်တပ်စခန်းကို ပြန်လည် ရရှိရေး စစ်ကောင်စီက ထိုးစစ်ဆင်နေမှု စစ်တပ်ဘက်မှ စစ်သား ၅၉ ဦးသေဆုံး

Must read

ပြင်ဦးလွင်မြို့ နှင့် ၁၀ မိုင်အကွာ သရက်ကုန်းကျေးရွာ စစ်တပ်စခန်းကို ပြန်လည် ရရှိရေး စစ်ကောင်စီက ထိုးစစ်ဆင်နေမှု စစ်တပ်ဘက်မှ စစ်သား ၅၉ ဦးသေဆုံး

■ NUG ကာကွယ်ရေးဝန်ကြီး MDY-PDF ရှေ့တန်းစစ်မြေပြင်ရောက်ရှိခဲ့သည့် ဓာတ်ပုံကိုပါ ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၇

မန္တလေးတိုင်းပြင်ဦးလွင်မြို့ နှင့် ၁၀ မိုင်အကွာ တော်လှန်ရေးတပ်များက သိမ်း ပိုက်ထားသော နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ စစ်တပ်စခန်းကို ပြန် လည် ရရှိရေး စစ်ကောင်စီက ထိုးစစ်ဆင်နေတိုက်ခိုက်နေပြီး တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ စစ်သား ၅၉ ဦးသေဆုံးကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) အနေဖြင့် ဧပြီလ ၁၄ ရက်နေ့၊ သင်္ကြန်အကျနေ့တွင် ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကျောင်းဝင်း အတွင်းသို့ ရှော့တိုက်ဒုန်းအလုံး ၂၀ ဖြင့် ပတ်ခတ်တိုက်ခဲ့ကြောင်း၊ ဧပြီလ ၁၅ ရက်နေ့၊ နံနက်အစောပိုင်းတွင် ပြင်ဦးလွင်မြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားသော သရက်ကုန်းကျေးရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် သရက်ကုန်းရွာစခန်းကို အပြီး သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က သရက်ကုန်းကျေးရွာကို ပြန်လည်ရရှိရေးအတွက် ဧပြီလ ၁၉ ရက်နေ့မှ စ၍ ကြည်းကြောင်း၊ လေကြောင်းဖြင့် ပြင်းထန်စွာ တန်ပြန်ထိုးစစ်ဆင်လာကြောင်း၊ ဧပြီလ ၁၉ ရက်နေ့ တိုက်ပွဲတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၅ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များပြားခဲ့ကြောင်း၊ ဧပြီလ ၂၀ ရက်နေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း၊ ဧပြီလ ၂၁ ရက်နေ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၃ ဦး သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ ဧပြီလ ၂၂ ရက်နေ့၊ ညပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး တည် နေရာသို့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဧပြီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် ထိတွေ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်သား ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း၊ ဧပြီလ ၂၄ ရက်နေ့တွင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီလ ၂၅ ရက်နေ့၊ မွန်းတည့်ပိုင်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်သား ၁၃ ဦးခန့် သေဆုံးပြီး ၁၆ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ပြုလုပ်ခဲ့ရာ စစ်ရေးပစ်မှတ် မဟုတ်သည့် သာသနာ့အဆောက်အဦးများ ဖြစ်သည့် ဘုန်းကြီးကျောင်းများအတွင်းသို့ ၂၆ ကြိမ် ကျရောက်ခဲ့ပြီး ပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ ၈ ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ပွဲသတင်းနှင့်အတူ MDY- PDF ရှေတန်းစစ်မြေပြင်သို့ ရောက်ရှိခဲ့သော ကာကွယ် ရေးဝန်ကြီး ဦးရည်မွန်၏ ဓာတ်ပုံကိုလည်း တစ်ပါး တည်း ထုတ်ပြန်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article