28 C
Yangon

ယင်းမာပင်တွင် အကြမ်းဖက် စစ်ကောင်စီ ပြည်သူ ၂ ဦးကို လက်ပြန်ကြိုးတုပ် မီးရှို့သတ်၊ မြိုင်တွင်လည်း နေအိမ်များ မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၄

ယင်းမာပင်မြို့နယ် သပြေအေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်များ ပြန်ထွက်သွားချိန်တွင် လက်ပြန်ကြိုးတုပ်ထားကာ မီးရှို့သတ်ဖြတ်ထားသည့် ရုပ်အလောင်း နှစ်လောင်းတွေ့ရှိရပြီး အဆိုပါ ရုပ်အလောင်းများမှာ ချင်းပုန်းရွာမှာ စစ်ကောင်စီ၏ ဖမ်းဆီးခေါ်ဆောင်သွားခံရသူများဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ ယင်းမာပင်မြို့နယ် ချင်းပုန်းရွာနှင့် သပြေအေးရွာတွင် ပြည်သူများကို သတ်ဖြတ် ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည့် အကြမ်းဖက် စစ်ကောင်စီ အင်အား ၁၀၀ ဝန်းကျင်ခန့်သည် မတ်လ ၃ ရက်နေ့မနက်ပိုင်းတွင် ကနီမြို့နယ် မိုးကောင်းကျေးရွာမှ မြောက်ဖက်တောလမ်းအတိုင်း ဖြန့်တက်ပြီး လမ်းတစ်လျှောက်ရှိ တဲများကို ဝင်ရောက်မွှေနှောက်ကာ တိမ်းရှောင်နေသော လူများထွက်ပြေးပါက ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး လက်မောင်းထိမှန်သွားကြောင်း ဒေသခံများက ပြောကြားသည်။

ထို့အတူ မြောင်မြို့နယ် နေပူကုန်းရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်များ ယနေ့ မတ် ၄ ရက်နေ့တွင် ဝင်ရောက်ကာ ပြည်သူများနေအိမ်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီသည် မြင်းခြံမြို့နယ် ဆီမီးခုံ ရေနက်ဆိပ်ကမ်းမှ ဆင်းလာခဲ့ခြင်းဖြစ်ပြီး နေပူကုန်းရွာမှ နွား၊ ဝက်နှင့် ပြည်သူ့ နေအိမ်များမှ ခိုးယူလာသည့် ပစ္စည်းများကို တင်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article