ရန်ကုန်၊ မတ် ၅
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်များသည် မတ်လ ၅ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး အင်းငယ်ဒေါင့်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်း၊ ပြည်သူပိုင်နေအိမ်များကို ဖျက်ဆီး လုယက်မှုများကို လုပ်ဆောင်ကြောင်း၊ ယင်းနောက် အင်းငယ်ဒေါင့်ကျေးရွာမှ ပြည်သူ ၂၉ ဦးနှင့် ကလေးများကို လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ယနေ့ ညနေ ၃ နာရီအချိန်တွင် ကျေးရွာပြည်သူများကို ဓားစာခံ ဖမ်းဆီးထားသော စစ်ကြောင်းကို SPGF ၊ SPDF ၊ PPCC နှင့် ကျေးရွာ ကာကွယ်ရေး မဟာမိတ် တို့ ပူပေါင်းကာ သတိထား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်များ မိုင်းမိခြင်းနှင့်အတူ အထိနာသဖြင့် ကစဉ့်ကလျား အလောင်းများထမ်းကာ ဆုတ်ခွာသွားကြကြောင်း သိရှိရသည်။
အထိနာသွားသော စစ်ကောင်စီတပ်များသည် ယနေ့ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် အင်းငယ်ဒေါင့်ရွာကို မီးစတင်ရှို့လျက်ကြောင်း ပေါက်မြို့နယ်တောင်ပိုင်း ပျောက်ကျားတပ်ဖွဲ့ ၏ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ နဂါးလေးက သတင်းထုတ်ပြန်ထားသည်။