37 C
Yangon

ခင်ဦး မှန်တောရွာသား ကိုမျိုးကျော်၊ ကိုသန်းငွေနှင့် ကိုမျိုးတင့်တို့ကို စစ်တပ်က သတ်ဖြတ်ပြီး အလောင်းများအနီးတွင် မိုင်းများထောင်ခဲ့၊ နေအိမ် ၂၅လုံးကို မီးရှို့ဖျက်ဆီး၊ ထီးချိုင့် သခွတ်ချောင်ရွာရှိ ပြည်သူပိုင် နေအိမ် ၁၃လုံးကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မှန်တောရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၅ရက်နေ့ ညပိုင်းတွင် ဝင်ရောက်စီးနင်း ပြည်သူပိုင် နေအိမ် ၂၅လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာသား ၃ဦးဖြစ်သည့် ကိုမျိုးကျော်၊ ကိုသန်းငွေနှင့် ကိုမျိုးတင့်တို့ကို စစ်တပ်က သတ်ဖြတ်ကာ အလောင်းများအနီး မိုင်းများထောင်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်းသို့ ည အချိန် သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာ ၃ဦးကို သတ်ဖြတ်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စစ်တပ် နှိပ်စက်လို့ သေတာက ကိုမျိုးကျော်နဲ့ ကိုသန်းငွေ၊ ကိုမျိုးတင့်ကိုတော့ စစ်တပ်က မီးရှို့သတ်ဖြတ်သွားတာ အလောင်းတွေနားမှာလည်း မိုင်းတွေ ထောင်ခဲ့တယ်။ ပြည်သူတွေက အလောင်းတွေနား မသွားရဲဘူး။ ပြည်သူပိုင် နေအိမ် ၂၅လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် သခွတ်ချောင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၆ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်ပိုင် နေအိမ် ၁၃လုံးကို ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် သခွတ်ချောင်ရွာ ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုရှိမရှိနှင့် အခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည့် ခင်ဦးမြို့နယ် မှန်တောရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article