By ရန်ကုန်ခေတ်သစ်
ဖေဖော်ဝါရီလမှစတင်၍ နေ့စဉ် ရုပ်/သံသတင်းအစီအစဉ်များကို စမ်းသပ် ထုတ်လွှင့်နေပြီး များမကြာမီ နေ့စဉ်ပုံမှန် ထုတ်လွှင့်မည်ဖြစ်ပါသည်။ ယနေ့ မတ် ၇ ရက်နေ့တွင်
-စစ်ကိုင်းတိုင်း တန့်ဆည်မြို့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်တွေက မတ်လ ၆ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
– စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းမှုမှာ ပါဝင်မှုကြောင့် ဦးခင်မောင်အေးပိုင် CB ဘဏ်ရဲ့ ATM စက်ကို ဖောက်ခွဲဖျက်ဆီးလိုက်တဲ့လို့ Justice Bringer Force က သတင်းထုတ်ပြန်ထားပါတယ်။
-ချင်းပြည်နယ်၊ ဖလမ်းမြို့၊ လာမ်ပါ ရပ်ကွက်မှာ မတ်လ ၆ ရက်နေ့ ညသန်းခေါင် ၁၂ နာရီဝန်းကျင်လောက်က မီးရှို့ခံရမှုကြောင့် နေအိမ် ၃ လုံး မီးလောင်ပြာကျသွားပါတယ်။
– ကချင်ပြည်နယ်၊ မိုးညှင်းမြို့နဲ့ နန့်မား ကျေးရွာကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်လွတ် လပ်ရေးတပ်မတော်၊ PDF ပူးပေါင်းတပ်ဖွဲ့ကြား ဒီကနေ့ မနက်၇ နာရီက စပြီး တိုက်ပွဲဖြစ်ပွားနေပါတယ်။ စသည့်သတင်းများအပါအဝင် နောက်ဆုံးရသတင်းများကို တင်ဆက် ပေးသွားမည်ဖြစ်ပါသည်။