32.5 C
Yangon

ဆားလင်းကြီး ထန်းတောရွာကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့နေ

Must read

ရန်ကုန်၊ မတ် ၇

ဆားလင်းကြီးမြို့နယ် ရွာရှည်အုပ်စု ထန်းတောကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၇ ရက်နေ့ မွန်းလွဲ ပိုင်းက ဝင်ရောက်စီးနင်း မီးရှို့နေကြောင်း ဒေသခံ သတင်းရင်းမြစ်ဖြစ်သော ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

” စစ်ခွေးတွေက ရွာထဲကို ဝင်ရောက်လာပြီး ပစ်ခတ်သောင်းကြမ်းနေတယ်။ ပြည်သူပိုင် နေအိမ် တစ်လုံးလည်း မီးရှို့ထားတယ်” ဟု ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ကျေးရွာအတွင်း ဝင်ရောက် စီးနင်းနေခြင်းကြောင့် လက်ရှိချိန်တွင် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကာ ပြည်သူများ ထိခိုက် ဒဏ်ရာရမှု ရှိမရှိနှင့် အသေးစိတ် အခြေအနေများကို မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က မီးရှို့ဖျက်ဆီးနေသော ထန်းတောကျေးရွာ (ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article