26 C
Yangon

မြောက်ဒဂုံရဲသင်တန်းကျောင်းကို လက်ပစ်ဗုံး၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်၊ လှိုင်မြို့နယ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဝင်ပစ်

Must read

ရန်ကုန်၊ မတ် ၇

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရဲသင်တန်းကျောင်းနှင့် လှိုင်မြို့နယ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်အခြေစိုက် တော်လှန်ရေး တပ်များက ယနေ့ည ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

မတ်လ ၇ ရက်နေ့ ည ၇ နာရီအချိန်တွင် ရန်ကုန်မြို့ ၊ မြောက်ဒဂုံမြို့နယ် ၊ ၃၆ ရပ်ကွက် ၊ ဗိုလ်ဆွန်ပတ်လမ်း နှင့် မန်းဘခိုင်လမ်းထောင့်ရှိ မြို့မရဲသင်တန်းကျောင်းကို People ‘s Force နှင့် Spring Brother Force တို့ပူးပေါင်းကာ လက်ပစ်ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း၊ ရဲများထွက်လာချိန်တွင် ၄၀မမများ ဖြင့်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဆင်ရေးမှာ ည ၇ နာရီမှ ၇ နာရီ ၁၅ မိနစ် အထိကြာမြင့်ခဲ့ပြီး တိုက်ခိုက်နေစဉ် ပြည်သူကားတန်းများရပ်တန့်သွားသဖြင့် ပြည်သူများဘေးကင်းစေရန် တစ်ဝက်နှင့်ရပ်လိုက်ကြောင်း People’s Force က သတင်းထုတ်ပြန်သည်။

ရဲသင်တန်းဆင်းပွဲအကြို လေ့ကျင့်ရေးလုပ်နေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ကျဆုံးမှုအမြားအပြားခန့်မှန်းရကြောင်း ရန်ကုန် တိုင်းပြည်သူ့အင်အားစု People’s Force ကသတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၇ ရက် နေ့ ည ၉ နာရီဝန်းကျင်အချိန် Justice Bringer Force က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးသွားကြောင်း အဆိုပါအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ဓာတ်ပုံ- ပစ်ခတ်တိုက်ခိုက်ခံရသော မြောက်ဒဂုံရဲသင်တန်းကျောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article