ရန်ကုန်၊ မတ် ၇
ချင်းပြည်နယ်၊ ကန်ပက်လက်နှင့် စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်တို့တွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၈ ဦးသေဆုံးကြောင်း သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန် သည်။
မတ်လ ၇ ရက်နေ့ နံနက် ၇ နာရီတွင်တစ်ကြိမ်၊ နံနက် ၉ နာရီတွင်တစ်ကြိမ် မကွေးတိုင်းနယ်စပ်မှစစ် ကြောင်း သုံးကြောင်းခွဲ၍ ကန်ပက်လက်မြို့သို့ဦးတည်စစ်ကြောင်းထိုးလာသောစစ်တပ် နှင့်CDF- Kanpetlet ပူးပေါင်းတပ်ဖွဲ့တို့အကြား လေယာဥ်ကွင်း (ဆောက်လုပ်ဆဲ)နေရာတွင်ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင်ကန်ပက်လက်မြို့ပေါ်အထိုင်စစ်ကောင်စီတပ်မှလက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း၊ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီဘက် မှဗိုလ်ကြီးအပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး CDF-Kanpetletနှင့်ပူးပေါင်းတပ်ဖွဲ့ရဲဘော်များအထိအခိုက်မရှိခဲ့ကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်သည်။
အလားတူ မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာတွင် ရှိနေသော စစ်ကောင်စီတပ်များကို C&T SHWEBO, Snake Eyes PDF, Fighter One, Alpha 7, People Defense Force – Shwebo, ဗိုလ်ကျားရိုင်းအဖွဲ့နှင့် ပ.က.ဖ တပ်ပေါင်းစု(၂) မှသွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးကြောင်း People Defense Force-Shwebo ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။