33 C
Yangon

ရန်ကုန်တိုင်း၊ ဒလနှင့် လှိုင်သာယာတို့တွင် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၇

ရန်ကုန်တိုင်း ဒလမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ Bolay စားသောက်ဆိုင်ပိုင်ရှင် ဟန်တင်နှင့် ဇနီးဖြစ်သူတို့ကို မတ်လ ၇ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် အမည်မသိ သေနတ်သမားများ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ဟန်တင်သည် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာသို့ ပြောဆိုသည်။

ထိုသို့ ပစ်ခတ် တိုက်ခိုက်ခံရခြင်းပြီး Bolay စားသောက်ဆိုင်ပိုင်ရှင် ဟန်တင်သည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ စိုးရိမ်ရ အခြေအနေဖြစ် ဆေးရုံသို့ ရောက်ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ၅ ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ မြင့်အောင်ကို မတ်လ ၆ရက်နေ့ မွန်းလွဲ ၁၂နာရီ ၄ဝမိနစ်ခန့်၌ မြို့ပြ ပျောက်ကြားတပ်ဖွဲ့ဖြစ်သော Spring Brothers Force အဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ မြင့်အောင်သည် ပြည်သူများထံမှ ဆက်ကြေးတောင်းပြီး အကြမ်းဖက် စစ်တပ်ကို ထောက်ပံ့ခြင်း၊ ပြည်သူများကို အကြောင်းမဲ့ ရိုက်နှက်ခြင်းနှင့် မူးယစ်ရမ်းကား သောင်းကျန်းနေခြင်းများကြောင့် Spring Brothers Force အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတ်ဖြတ်ခံရသည် စစ်ကောင်စီသတင်းပေးဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article