30 C
Yangon

မိုးညှင်းတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နန်းမား PDF ဝင်ရောက်ပစ်ခတ်၊ ဗိုလ် ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၈

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ တက္ကသိုလ်ဝန်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို မတ်လ ၈ ရက် ယနေ့နံနက် ၃ နာရီခန့်တွင် နန်းမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီး ဗိုလ်အဆင့်ရှိသူ အပါအဝင် ၁၂ ဦး သေဆုံးကြောင်း နန်းမား PDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မိုးညှင်းနှင့် နန်းမားကြားတိုက်ပွဲတွင် ကျဆုံးခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအတွက် သွေးကြွေးပြန်တောင်းခြင်းဖြစ်ကြောင်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း နန်းမား PDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၇ ရက်နေ့ နံနက်ပိုင်း၌ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားနှင့် ညောင်ကုန်းကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နန်းမား၊ ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၇ ဦးကျဆုံးခဲ့ကာ စစ်ကား ၁ စီးပျက်စီးပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့သည်။

ဓါတ်ပုံ – ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article