24 C
Yangon

ရန်ကုန်လှိုင်သာယာ EPC ရုံးနှင့် မြောက်ဥက္ကလာရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဗုံးခွဲတိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၁၀

ရန်ကုန်တိုင်းလှိုင်သာယာရှိ EPC ရုံးနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်တို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်ကြောင်း သိရှိရသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန် လှိုင်သာယာမြို့နယ် စက်မှုဇုန်မှတ်တိုင်အနီးရှိ မြို့နယ် လျှပ်စစ်ရုံးကို Hlaing Thar Yar Region Defense Force က လက်လုပ်ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း HRDF က သတင်းထုတ်ပြန်သည်။

အလားတူ မတ်လ ၉ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ၊ ဇေကမ္ဘာဝင်းအတွင်းရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Hlaingtharyar Force ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article