ရန်ကုန်၊ မေ ၁
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ရွာ ကို အကြမ်းက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က Khawpuichhip ရွာကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၄ ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။
” Khawpuichhip ရွာ ကို ဗုံးကျဲသွားတာ ဟုတ်ပါတယ်။ သေဆုံးသူ ဘယ်နှဦးရှိလဲဆိုတာတော့ အတိအကျ မသိသေးဘူး။ ၄ ဦးထက်မနည်းသေဆုံးနိုင်တယ်။ သေဆုံးသူ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ယနေ့ မေလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ဖလမ်းမြို့နယ်၊ သလန်ရောန်ရွာကိုလည်း မီးရှို့ဖျက်ဆီးနေပြီး နေအိမ်မည်မျှ မီးလောင်ပြာကျသွားသည်ကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
” ဖလမ်းမြို့နယ်၊ သလန်ရောန်ရွာကို စစ်ခွေးတွေ မီးရှို့နေတာ အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းသွားပြီလဲဆိုတာတော့ အတိအကျ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။






