25 C
Yangon

ချင်းပြည်နယ်၊ ရိဒ်မြို့တွင် စစ်ကောင်စီတပ်နှင့် CDF တို့ တိုက်ပွဲဖြစ်ပွား၊ မြောင်တွင် ယမန်နေ့ည မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၂

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရဒိမြို့နယ်ခွဲတွင် ယနေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်မှစတင်၍ စစ်ကောင်စီတပ်များနှင့် CDF တပ်များ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ယခုအချိန်အထိ ဆက်လက်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်တွင် ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ မတ်လ ၁၁ ရက်နေ့ ည ၉ နာရီအချိန် မြောင်မြို့မှဆင်းလာသော စစ်ကောင်စီတပ်များကို မရိုးကုန်းရွာ တံတားအနီးတွင် TGR ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့( Myaung People`s Defense Force TGR)နှင့်Zamani Revolution Force( MMU)စစ်ကိုင်းခရိုင်တပ်ရင်း(၁) ၊ (CDSOM)မြောင်၊11brother Force(myaung)တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း TGR အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ- ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်မြို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article