25 C
Yangon

မန္တလေး သိပ္ပံလမ်းပေါက်ကွဲမှုတွင် ကျဆုံးခဲ့သော မြို့ပြပျောက်ကျား ၂ ဦး၏ အလောင်းများကို သယ်ယူခြင်းမပြုဘဲ စစ်တပ်က ကင်းပုန်းဝပ်၍ ထောင်ဖမ်းနေ

Must read

ရန်ကုန်၊ မတ် ၁၅

မန္တလေး ၊ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းနဲ့ ၇၈ လမ်းအနီးတွင် ယမန်နေ့ ည နေပိုင်း ပေါက်ကွဲမှု တစ်ခုဖြစ်ပေါ်ခဲ့ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ကာ ယင်းကျဆုံးသူ ပြည်သူ့ရဲဘော် ၂ ဦး၏ အလောင်းကို စစ်တပ်က သယ်ယူခြင်းမရှိဘဲ လမ်းပိတ် ကင်းပုန်းများချကာ ထောင်ဖမ်းနေကြောင်း‌ ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“မနက်က အလောင်း ၂ လောင်း ၊ ဆိုင်ကယ်လည်း မီးလောင်ထားတယ်။ စစ်တပ်က လမ်းပိတ်ပြီး အဲဒီအလောင်းနှစ်လောင်းကို ပစ်ထားတယ်။ အရပ်ဝတ်တွေရော ကင်းပုန်းတွေရော ချထားတာတွေ့တယ်။ ထောင်ဖမ်းချင်တဲ့သဘောဗျ။ ဘယ်သူမှလည်း သွားမကောက်ရဲဘူး။ စစ်တပ်က တမင်လုပ်တာ၊ တမင် ယုတ်မာတာဗျ။ ပြည်သူတွေကိုလည်း အကြောက်တရားဖြစ်အောင်ရယ်၊ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုပြီး ခြိမ်းခြောက်တာပေါ့။ ကြောက်လာအောင်လုပ်တာ” ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။

Mandalay Ranger Force PDF ယမန်နေ့ညပိုင်း ကျဆုံးသွားသူ ၂ ဦးမှာ ပြည်သူ့ရဲဘော် PDF နှစ်ဦးဖြစ်ကြောင်း တရားဝင် အသိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ကျဆုံးသွားသော ပြည်သူ့ရဲဘော် ၂ ဦး၏ ရုပ်အလောင်းကို လမ်းပိတ်၍ စစ်တပ်က ထောင်ဖမ်းနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article