25 C
Yangon

ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူ ၃ ဦး မတရား သတ်ဖြတ်ကာ ပြည်သူပိုင်နေအိမ် ၁၀၀ ခန့် မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၁၅

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင်းရှိ ကျေးရွာများသို့ မတ်လ၅ရက်နေ့ မှ ၁၃ ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီမှ ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ် ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၃ ဦးကို မတရား သတ်ဖြတ်ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးပြုပြီး မတရား သတ်ဖြတ်ခံရသည့် ပြည်သူများမှာ ကိုသန်းငွေ (အသက် ၃၀)၊ ကိုမျိုးကျော်( အသက် ၃၄)၊ ဦးကျွိ (အသက် ၅၆) တို့ဖြစ်ကြပြီး အကြမ်းဖက် စစ်ကောင်စီနှင့် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် တော်လှန်ရေးရဲဘော် ၁၅ ဦးလည်း ကျဆုံးခဲ့ရသည်။

ကျဆုံးတော်လှန်ရေးရဲဘော်များမှာ မောင်သက်မျိုးနိုင်(၁၈နှစ်)၊မောင်ပြည့်ဖြိုးအောင်(၂၂နှစ်)၊ မောင်စောလင်းမောင် (၂၂နှစ်)၊ မောင်ဝင်းဌေး (၂၅နှစ်)၊ မောင်ဝေယံမြင့်လွင် (၂၂နှစ်)၊ မောင်အောင်ငြိမ်း(၂၀နှစ်)၊မောင်ဖိုးစိုး(ခ)ဝင်းမြအောင် (၂၃နှစ်)၊မောင်စည်သူနိုင်(၁၇နှစ်)၊ မောင်ဖြိုးနန်းဝေ(၁၇နှစ်)၊ ဦးခင်မောင်တိုး (၅၅နှစ်)၊ ဦးအောင်ဇော်မိုး (၄၈နှစ်)၊ ကိုဘိုဝင်း(၄၅နှစ်)၊ ဦးအောင်နိုင်(၄၂နှစ်)၊မောင်ဇော်ထက် (၂၅နှစ်)၊ ဦးစိုးတင့် (၆၃နှစ်) တို့ဖြစ်ကြသည်။

အကြမ်းဖက်စစ်ကောင်စီ အင်အား၂၀၀ခန့်ဖြင့် ကျေးရွားများအတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဒါန်းကုန်းကျေးရွာ၊ မှန်တောကျေးရွာ၊ ကျွန်းလယ်ကျေးရွာ၊ သက်ပေးကျေးရွာများရှိ ပြည်သူများ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့ပြင် မတ်လ ၅ ရက်နေ့တွင် ဒါန်းကုန်းကျေးရွာရှိ နေအိမ် ၄၃ လုံး၊ မှန်တောကျေးရွာရှိ နေအိမ် ၃၈ လုံး မီးရှို့ခဲ့ကြောင်း၊ ကျွန်းလယ်ကျေးရွာတွင် မတ်လ ၆ ရက်နေ့၌ CDM ဝန်ထမ်းအိမ်အပါအဝင် နေအိမ် ၂ လုံးနှင့် မတ်လ ၈ ရက်နေ့တွင် ယာစောင့်တဲ ၅ လုံး မီးရှို့ခဲ့ကြောင်း ၊ သက်ပေးကျေးရွာကိုမူ မတ်လ ၈ ရက်နေ့တွင် နေအိမ် ၁၃ လုံးမီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ကျေးရွာများအတွင်း အကြမ်းဖက် ဖိနှိပ်မှုများကြောင့် ရွာပေါင်း၂၀ ဝန်းကျင် မှ ပြည်သူပေါင်း ထောင်နှင့်ချီကာ စစ်‎ဘေးရှောင်နေကြရခြင်းဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီကြောင့် ခင်ဦးမြို့နယ်တွင်း အိုးအိမ်မဲ့သွားသော စစ်ဘေးသင့်ပြည်သူများစွာ ရှိနေပြီး နေစရာ၊ဆေးဝါးအပြင်အစားအစာအတွက်ပါ ခက်ခဲနေပြီး လှူဒါန်းလိုသူများ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article