25 C
Yangon

ရွှေဘို-မြစ်ကြီးနားလမ်းတွင် ခရီးသည်တင်ကားများ ပစ်ခတ်ခံရ ၊ ယာဉ်မောင်းနှင့်ဘတ်စ်ကားမယ်၊ ပြည်သူတစ်ဦး သေဆုံး၊ စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှုဟု ဒေသခံတချို့ပြော

Must read

ရန်ကုန်၊ မတ် ၁၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းတွင် ယနေ့ နံနက် ၄ နာရီဝန်းကျင် ခရီးသည်တင် Express ကား ၂ စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းနှင့်ဘတ်စ်ကားမယ်၊ ပြည်သူတစ်ဦး သေဆုံးသွားကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရသည်။

မတ်လ ၁၆ ရက်နေ့ နံနက် ၄ နာရီအချိန် ကန့်ဘလူမြို့နယ်၊ ဇင်းရွတွင် ညအိပ်ရပ်နားပြီး ထွက်လာခွာသော မနော်မန္တလာခရီးသည်တင်ကားနှင့် သစ္စာလှိုင်ခရီးသည်တင်ကား ၂ စီးသည် ကန့်ဘလူ အေးစခန်းအနီးတွင် ပစ်ခတ်ခံရကြောင်း၊ မနော်မန္တလာကားမှ ဘတ်စ်ကားမယ်နှင့်ယဥ်မောင်း သေဆုံးကြောင်း ခရီးသွားပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ဆိုင်ကယ်စီးလားသော အမျိုးသား ၁ ဦးလည်း ပစ်သတ်ခံရကြောင်း၊ လက်ရှိ ရန်ကုန်ခေတ် သစ်၏ စုံစမ်းမေးမြန်းချက်များအရ ပစ်ခတ်မှုများကို စစ်တပ်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပစ်ခတ်ခံရသော ခရီးသည်တင် Express ကား ၂ စီး။

Photo – CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article