33 C
Yangon

ရုရှားကာကွယ်ရေးဒုဝန်ကြီး အကြမ်းဖက်စစ်တပ်နေ့ အခမ်းအနားတက်ရောက်ရန် မတ်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေပြည်တော် လာမည်

Must read

ရန်ကုန်၊ မတ် ၁၇ 

ရုရှားကာကွယ်ရေးဒုဝန်ကြီး Colonel General Alexandar V. Fomin သည် မတ်လ ၂၇ ရက်နေ့ ပြုလုပ်မည့်  အကြမ်းဖက်စစ်တပ်နေ့ အခမ်းအနားတက်ရောက်ရန် မတ်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ လာရောက်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ပြောသည်။ 

မတ်လ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်ပြီး မတ်လ ၂၇ ရက်နေ့ ညပိုင်းတွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်နေ့ အခမ်းအနားတက်ရန် မင်းအောင်လှိုင်က ဖိတ်ကြားခြင်း ကြောင့် လာရောက်ခြင်းဖြစ်ကြောင်း၊ ရုရှားမှ ဝယ်ယူထားသော စစ်လက်နက်ပစ္စည်းကိစ္စများကိုလည်း ဆွေးနွေးသွားရန်ရှိကြောင်း သိရှိသည်။ 

ယမန်နှစ် မတ်လ ၂၇ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်နေ့ အခမ်းအနားကို ရုရှား ကာကွယ်ရေး ဒုဝန်ကြီး လာရောက်ခဲ့ပြီး မင်းအောင်လှိုင်က ဆန္ဒပြပွဲများတွင် ပြည်သူများ အသုံးပြုခဲ့သည့် လက်နက်များဟုဆိုကာ လောက်လေးခွများနှင့် ဓာတ်ဆီပုလင်းများကို ရုရှားကာကွယ်ရေးဒုဝန်ကြီးကို ပြသခဲ့သေးသည်။ 

ရုရှားကာကွယ်ရေးဒုဝန်ကြီး Colonel General Alexandar V. Fomin သည် မင်းအောင်လှိုင်နှင့်ရင်းနှီးသော ဆက်ဆံရေးရှိပြီး ရုရှားနိုင်ငံနှင့်စစ်တပ်တွင် အရေးပါမှု နည်းပါးသော စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ငယ်တစ်ဦးမျှသာဖြစ်သည်။  

လက်ရှိတွင် နေပြည်တော်သို့ ရုရှားကုန်တင်လေယာဉ်များစွာ အကြိမ်ကြိမ်ဆင်းသက်လျက်ရှိပြီး စစ်ကောင်စီသည် ရုရှားနှင့်နီးကပ်စွာ စစ်ရေးဆိုင်ရာ ဆက်ဆံရေးတည်ဆောက်လျက်ရှိသည်။ 

ဓာတ်ပုံ- ယမန်နှစ် အကြမ်းဖက်စစ်တပ်နေ့ အခမ်းအနား တက်ရောက်ခဲ့သည့် ရုရှားကာကွယ်ရေး ဒုဝန်ကြီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article