31 C
Yangon

ကလေးမြို့နယ် နတ်ချောင်းရွာနှင့်နတ်မြောင်းကျေးရွာကို စစ်တပ်က မီးတင်ရှို့ ၊ ပြည်သူလူထု ၏ပျက်စီးဆုံးရှုံးမှု အလွန်များပြားပြီး PDF များကို စာရေးသား၍ စိန်ခေါ်သွား

Must read

ရန်ကုန်၊ မတ် ၁၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာနှင့် နတ်မြောင်းကျေးရွာကို စစ်တပ်က မတ်လ ၁၅ ရက်နေ့တွင် မီးဝင်ရှို့ပြီး ပြည်သူလူထု၏ နေအိမ်များ ပျက်စီး ဆုံးရှုံးအလွန်များပြားပြီး နှစ်ရွာပေါင်း အိမ်ခြေ ၁၀၀ကျော် ပြာကျသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် နတ်ချောင်းကျေးရွာရှိ လူနေအိမ်များပေါ်တွင် PDF ကို စိန်ခေါ်သော စာသားများကို ရေးသားသွားကြကြောင်း သိရှိရသည်။

“ဒီတစ်ကြိမ် နတ်ချောင်းရွာ မီးရှို့ခံအိမ်ပေါင်း ၇၂ အိမ်ပါ။ တခြား ခိုးယူသယ်ဆောင်ခံရတဲ့ ရေဆေးဆီလိုက် ပန့်စက်ကအစ ဘက်ထရီ၊ အင်ဗာတာ စသည် အသုံးအဆောင်တွေများစွာ စာရင်းကောက်ယူနိုင်ခြင်း မရှိသေးပါ” ဟု နတ်ချောင်းဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲများသည် နတ်မြောင်းရွာအတွင်း ဝင်ရောက်တပ်စွဲပြီးနောက် စည်သာရွာဘက်မှ နောက်ချန် ယာဉ်တန်းများဖြင့် ထွက်ခွာလာရာ PDF (Kalay) တပ်ဖွဲများက ၃ ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကား ၁ စီး ထိမှန်ထိုးရပ်သွားခဲ့ရာ အဆိုပါကားကို PDF (Kalay) တပ်ဖွဲဝင်များက လက်နက်ငယ်များဖြင့် ထပ်မံ၍ ၅ မိနစ်ခန့် တရစပ်ပစ်ခိုက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲများဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်‌သော်လည်း အတည် ပြုနိုင်ခြင်း မရှိကြောင်း၊ အထိနာ‌သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် နတ်မြောင်းရွာနှင့် နတ်ချောင်းရွာ အတွင်းဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article