31 C
Yangon

တရားဝင်အစိုးရ ခွင့်ပြုခဲ့သော မြေနီကုန်းတံတား နံရံဆေးရေးပန်းချီကို အကြမ်း ဖက် စစ်တပ်က ဖျက်ဆီးမှု ရန်ကုန်ပြင်သစ်သံရုံး ရှုတ်ချ၊ ဖျက်ဆီးခံရသော နံရံဆေးရေးပန်းချီများမှာ ပြင်သစ်သံရုံး၏ ပံ့ပိုးပေးမှုဖြင့် ရေးဆွဲခဲ့

Must read

ရန်ကုန်၊ မတ် ၁၈

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မြေနီကုန်းတံတားတွင် မြန်မာလူထု ရွေး ကောက် ထားသော တရားဝင်အစိုးရ ခွင့်ပြုပေးခဲ့သည့် နံရံ‌ဆေးရေးပန်းချီကို အာဏာသိမ်း စစ်တပ်က ဖျက်ဆီးလိုက်မှုကို ရန်ကုန်ပြင်သစ်သံရုံး ရှုတ်ချကြောင်း ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ရန်ကုန်မြို့ မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော် အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ရေးဆွဲခဲ့သော မြေနီကုန်းတံတား နံရံဆေးရေးပန်းချီများကို အာဏာသိမ်း စစ်တပ်က တမင်တကာ ဖျက်ဆီး ပစ်လိုက်ခြင်းကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက အံ့သြစွာဖြင့် သိရှိရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထာသည်။

ရန်ကုန်မြို့သူမြို့သားများနှင့် အနုပညာပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ကြောင့် မြန်မာနိုင်ငံတရားဝင်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြင်သစ်သံရုံးက ပံ့ပိုးပေးခဲ့သည့် ရန်ကုန်မြို့ရှိ အနုပညာလက်ရာ တစ်ခု ပျောက်ဆုံးသွားခြင်းအတွက် ပြင်သစ်သံရုံးက ရှုတ်ချကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အနုပညာ ထုတ်ဖော်ခွင့်ကို လေးစားလိုက်နာရန်နှင့် နိုင်ငံ၏ အနုပညာနှင့် အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပါရန် မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက တောင်းဆိုကြောင်းထုတ် ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article