36 C
Yangon

မြေနီကုန်းတံတား ထုံးသုတ်ပြီးနောက် ကြည့်မြင်တိုင်ဗားကရာချောက်နံရံ ပျောက်ကြားဆေးခြယ်ထားမှုကို ထုံးသုတ်ပြန်၊ လုံခြုံရေး အနှောင့်အယှက်ဖြစ်၍ ကြည့်မြင်တိုင်ညစျေးနှင့်ဆိုင်ခန်းများကို စစ်တပ်က ခြိမ်းခြောက် ဖယ်ရှားဟုဆို

Must read

ရန်ကုန်၊ မတ် ၁၈

ရန်ကုန်မြို့၊ မြေနီကုန်းတံတားရှိ နံရံဆေးရေး ပန်းချီများကို ထုံးသုတ်ပြီးနောက် ကြည့်မြင်တိုင် ဗားကရာချောက် နံရံတွင်လည်း ပျောက်ကြားအကွက်ပုံစံ ဆေးခြယ်သထားမှုများကိုလည်း ထုံးသုတ်၍ ဖျက်ဆီးနေကြောင်း သိရှိရသည်။

“မနေ့ကတည်းက ထုံးတွေသုတ်ပြီး အကွက်တွေ ဖျက်နေတာ။ ဒီနေ့တော့ တော်တော်တောင်ပြီးနေပြီ။ မြေနီကုန်းတံတားနံရံ ဆေးသုတ်ပြီးတော့ ဗားကရာချောက်ကို အဲဒီလို ထုံးလာသုတ်တာ။ ယတြာပဲထင်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ကြည့်မြင်တိုင် ညစျေးနှင့်စျေးကြီးဘက်မှ ဆိုင်ခန်းများကို စစ်တပ်က ဖယ်ရှားခိုင်းလိုက်ပြီး မဖယ်ရှားလျှင် အင်အားသုံးမည်ဟုခြိမ်းခြောက်ကြောင်း၊ လုံခြုံရေးအကြောင်းပြချက်ဖြင့်‌စျေးဆိုင်များကို ဖယ်ရှားခြင်းဖြစ်သည်ဟု သိရှိရကြောင်း ကြည့်မြင့်တိုင်သားတစ်ဦးက ပြောသည်။

“သူတို့ လုံခြုံရေးကားတွေ လှည့်ရင် လမ်းပိတ်လို့ ဖယ်ခိုင်းတယ်လို့ပြောတယ်။ ပစ်တာ ခတ်တာ သပိတ်တွေ ဖမ်းဆီးတာမှာ မြန်မြန်ဆန်ဆန် လမ်းတွေ ဝင်ထွက်ချင်လို့ ဆိုင်ခန်းတွေကို ဖယ်ခိုင်းတာလို့ သိရပါတယ်” ဟု ကြည့်မြင်တိုင်သားတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article