38 C
Yangon

မြစ်ကြီးနားမြို့အဝင် ၂၁ မိုင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို KIA ပူးပေါင်းတပ် တိုက်ခိုက် ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနား-နမ္မတီးကားလမ်း၊ မြစ်ကြီးနားမြို့အဝင် ၂၁ မိုင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယနေ့ မတ်လ ၁၉ ရက် နံနက် ၄ နာရီဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ကူပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်သည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လက်ပါးစေရဲများနှင့် ပြည်သူ့စစ်အဖွဲ့များ စုပေါင်းစခန်းချသည့်နေရာဖြစ်ပြီး KIA နှင့် PDF ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးလိုက်ကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။

၁ နာရီခန့် တိုက်ပွဲပြင်းထန်ပြီးနောက် မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအခြေစိုက် ခလရ ၂၆၀ တပ်ရင်းမှ လက်နက်ကြီးပစ်ကူများ ပစ်ခတ်ခဲ့သလို တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် KIA နှင့် PDF တပ်ဖွဲ့များ ရှိရာသို့ ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များကဆိုသည်။

၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်သေဆုံးထိခိုက်မှုစာရင်းကို လတ်တလော အတည်မပြုနိုင်သေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article