29 C
Yangon

မှော်ဘီတိုက်လေယာဉ် ဗုံးပေါက်မှု မသင်္ကာ၍ ရေကြည်အိုင်တွင် ခေါ်စစ်ရာမှ လူပျိုဗိုလ်ကြီးနှင့် အိမ်ထောင်သည်ဗိုလ်ကြီးကတော်တို့၏ လူမှုရေးဖောက်ပြန်မှု ပေါ်ပေါက်

Must read

ရန်ကုန်၊ မတ် ၁၉

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် ဗုံးပေါက်မှု မသင်္ကာ၍ ရေကြည်အိုင်တွင် ဖမ်းဆီးခေါ်စစ်ရာမှ လူပျိုဗိုလ်ကြီးနှင့် အိမ်ထောင်သည်ဗိုလ်ကြီးကတော်တို့၏ လူမှုရေးဖောက်ပြန်မှု ပေါ်ပေါက်လာကြောင်း ရေကြည်အိုင်စစ်ကြောရေးမှ တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောသည်။

မှော်ဘီလေတပ်မှ ဗိုလ်ကြီးထက်အောင်နှင့် ဇနီး ဒေါ်မေသူကျော်၊ ဗိုလ်ကြီးမျိုးလွင်ထက်တို့ကို မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် ၂ စီး ဗုံးဖောက်ခွဲခံရမှုနှင့်ပတ်သက်ပြီး စစ်မေးမြန်းရာမှ ဗိုလ်ကြီးထက်အောင်၏ ဒေါ်မေသူကျော်နှင့် ဗိုလ်ကြီးမျိုးလွင်ထက်တို့၏ လူမှုရေးဖောက်ပြန်မှု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရေကြည်အိုင်စစ်ကြောရေးမှာအဖမ်းခံရတဲ့ ဗက ထက်အောင်ရဲ့ဇနီး မေသူကျော်နဲ ဗက မျိုးလွင်ထက်က ဖောက်ပြန်နေတယ်ဆိုတာကို စစ်ကြောရေးမှာစစ်မေးရင်းပေါ်သွားပါတယ်။မျိုးလွင်ထက်က တော့ လူပျိုပါ။ပြီးတော့သူက ဗကထက်အောင်ရဲ့ ဂျူနီယာပေါ့။စီနီယာရဲ့ ဇနီးကို ပြန်စားတဲ့သဘောပါပဲ။ လူမှုကျင့်ဝတ်ဖောက်ဖျက်တာတော့ အကုန်ပေါ်တာပဲ။ Viberမှာ မှော်ဘီလေတပ်ကိစ္စနဲ့အပြန်အလှန်ပြောတာကို မိသွားလို့ စစ်ကြောရေးဖမ်းသွားတာပါ။ မေသူကျော်က မျိုးလွင်ထက်နဲ့ဖောက်ပြန်နေတာကိုပေါ်သွားတာ”ဟု ရေကြည်အိုင်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်အတွင်း လူမှုရေးဖောက်ပြန်မှုများ၊ အမျိုးသမီးစစ်သည်များကို ကိုယ်ဝန် ဖျက်ချခိုင်းခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိနေကြောင်း ရန်ကုန်ခေတ်သစ်က သတင်းပေးပို့ခဲ့ပြီးဖြစ်သည်။

မှော်ဘီလေတပ် ဖောက်ခွဲမှု သံသယနှင့် ဦးပိုင်ကို မကောင်းပြောသည်ဟုဆိုကာရေကြည်အိုင်စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးခံနေရသော လေတပ်မှ ဗိုလ်မှူးထင်လင်းဖေကို ဗိုလ်မှူး ထက်အံကျော် ဦးစီး ပြီးလာခေါ်သွားကာ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ရဲ့ ဗဟိုကင်းအချုပ်စခန်းတွင် တွဲဖက်‌ချုပ်နှောင်ထားကြောင်း ရေကြည်အိုင်စစ်ကြောရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၄၀ အချိန် People’s Force ပြည်သူ့အင်အားစု (Yangon) က မှော်ဘီလေတပ်စခန်း ဌာနချုပ်ရှိ တိုင်းရင်းသား ဒေသများကို ဗုံးကျဲတိုက်ခိုက်နေသော ဖိုက်တာဂျက် လေယာဉ်များ ထားရှိနေရာကို ဝင်ရောက် ဗုံးဆင်ပြီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် လေယာဉ် ၂ စီးပျက်စီးသွားခဲ့ရသည်။

ဓာတ်ပုံ- စစ်တပ်လေတပ်စခန်းတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article