32 C
Yangon

ဟိုပင်မြို့အနီး စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်နေ

Must read

ရန်ကုန်၊ မတ် ၁၉

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ နန့်ရင်းချောင်းအနီး၊ နန့်မြန်းကျေးရွာအနီးတွင် ယနေ့ မတ်လ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကား ၄ စီးဖြင့် စစ်ကြောင်းထိုးလာကြောင်း နန့်ရင်းချောင်းအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဟိုပင် PDF ထံမှ သိရှိရသည်။

“တိုက်ပွဲက ပြင်းထန်နေတယ်၊ ဒီမနက် ၇ နာရီခွဲ၊ ၇ နာရီ ၄၅ မိနစ်လောက်မှာ စဖြစ်တာ။ စစ်ကောင်စီက စစ်ကြောင်းထိုးလာတာ၊ အင်အားအတော်များတယ်၊ တိုက်ပွဲက အခု နည်းနည်းငြိမ်သွားတယ်ဆိုပေမယ့် ဆက်တော့ဖြစ်နေတုန်းပဲ၊ လက်နက်ကြီးနဲ့ ဆက်ထုနေတယ်” ဟု ဟိုပင် PDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

နန့်ရင်းချောင်းသည် ဟိုပင်မြို့နှင့် ၂ မိုင်ဝန်းကျင်အကွာအဝေးတွင် တည်ရှိပြီး လက်ရှိတွင် ချောင်းတဖက်တချက်၌ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုစာရင်းကို ကနဦး မသိရှိနိုင်သေးပေ။

ဟိုပင်မြို့သည် မိုးညှင်း-မိုးကောင်း ကားလမ်းမပေါ်တွင်တည်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ယာဉ်တန်းများကို ဟိုပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် KIA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ ကြားဖြတ်တိုက်ခိုက်မှုများရှိခဲ့သည်။

ဓါတ်ပုံ – ဟိုပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article